စည်းကမ်း စနစ်တကျမရှိဘဲ လက်နက်ကိုင်တော်လှန်ခြင်းရဲ့ ဆိုးကျိုးတွေကို ဒေသခံတွေ ကောင်းကောင်းသဘောပေါက်သွားကြပါပြီ

NUG လက်အောက်က ပကဖ၊ ပအဖတိုရဲ့ အပုပ်အပွ ဇာတ်လမ်းတွေကတော့ နေ့စဉ်လိုလိုကြားနေရပါပြီ... အလွတ်တန်းသတင်းထောက်ဆိုသူနဲ့ ပကဖတွေ ပြန်ပေးဆွဲခံရတဲ့ သူရဲ့ ဇနီးအင်တာဗျူးထဲမှာ ဖမ်းဆီးခံရသူဟာ အိမ်ခြံမြေပွဲစားဖြစ်တဲ့အတွက် ပကဖတွေဟာ မြေဝယ်ချင်တယ်လို မက်လုံးပေးပြီး  သူတိုနယ်ထဲမြှားခေါ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်...
အဖမ်းဆီးခံရသူရဲ့ ဆွေမျိုးသားချင်းတွေဟာ တော်လှန်ရေးလုပ်နေသူတွေဖြစ်ပြီး ဝင်ရောက်ညှိနှိင်းပေးခဲ့ပေမဲ့ ဒလန်လို စွပ်စွဲပြီး ပိုက်ဆံနဲ့ လာရွေးဖိုသာ ပြောနေတယ်လို ဆိုပါတယ်...
ကိုယ်မွေးတဲ့ မျောက် ကိုယ်မနိုင်တော့တဲ့ NUG နဲ့ လက်နက်ကိုင် လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ရတာကို အရသာတွေ့သွားတဲ့ ပကဖတွေကြားမှာ စည်းမျဉ်း၊ စည်းကမ်း စနစ်တကျမရှိဘဲ လက်နက်ကိုင်တော်လှန်ခြင်းရဲ့ ဆိုးကျိုးတွေကို ဒေသခံတွေ ကောင်းကောင်းသဘောပေါက်သွားကြပါပြီ...
#dgf21news

Post a Comment

Previous Post Next Post