နေရာ - ဆင်ဖြူရှင်ခန်းမ၊ စ.တ.ခ ၃၊ ရွာတော်
ဒီပန်းချီပြပွဲက သာမန်မဟုတ်ဘူးလို့ ဦးစွာ ပြောချင်တယ်။ ဘာလို့လဲဆိုရင် သမိုင်း၊ ရာဇဝင်၊ ဒဏ္ဍာရီတွေထဲက တိုက်ပွဲတွေကို ပန်းချီဆရာ စိတ်ကူးနဲ့ ပုံဖော်ရေးဆွဲထားတာမျိုး မဟုတ်ဘူး။
သမိုင်းဝင်တိုက်ပွဲ တစ်ခုစီကို သေချာဖတ်ရှုလေ့လာတယ်၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်ပစ္စည်းတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဒေသ အခင်းအကျင်း၊ အသုံးပြုတဲ့ လက်နက်၊ ရှေးမြန်မာ့တပ်မတော် ဖွဲ့စည်းပုံဖြစ်တဲ့ ခြေလျင်တပ်၊ မြင်းတပ်၊ ဆင်တပ်၊ လှေတပ်၊ စစ်အင်္ဂါ ၄ ပါး စသည်ဖြင့် သေသေချာချာ research လုပ်ပြီးမှ အချိန်ယူ ရေးဆွဲထားတဲ့ ပန်းချီကားတွေ ဖြစ်လို့ပါ။
နောက်တစ်ချက်က ရေးဆွဲတဲ့ ပန်းချီဆရာတွေဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေရဲ့ လက်ရာတွေပါ။ နောက်ပြီး ပန်းချီတွေဟာ ဆီဆေးပန်းချီကားတွေ ဖြစ်နေပါတယ်။ တိုက်ပွဲ ပန်းချီကားတွေနဲ့ ဆွဲလက်စ ခဲပုံကြမ်း ပန်းချီကားတွေ၊ ရှုခင်းပုံ၊ လူပုံ စသည်ဖြင့် ပန်းချီကားများစွာ ပြသထားတာ လေ့လာတွေ့ရှိရပါတယ်။
အကြိုက်ဆုံး ပန်းချီကားတွေ အနေနဲ့ ကောင်းတုံခံတပ်တိုက်ပွဲပန်းချီကား၊ အင်းဝမြို့တည်ပန်းချီကား၊ တပင်ရွှေထီး အယုဒ္ဓယချီခန်း၊ သမိန်ထောရာမနှင့် ဘုရင့်နောင် ဆင်စီးချင်းတိုက်ပွဲ၊ အကောက်တောင်တိုက်ပွဲ၊ ဘိုးတော်ဘုရား အာသံပြည် စစ်ချီပုံ ပန်းချီကားတွေပါဘဲ။
ပြပွဲကအပြန် အတွေး-
ရှေးခေတ် မြန်မာ့တပ်မတော်ဆိုတာ နန်းတွင်းအမှုတော်ထမ်း ဘုရင့်တပ်မတော် ရှိသလို၊ လိုအပ်ပါက ထောင်ပြု၊ ရာပြု၊ ဆယ်ပြုမြို့တွေကနေ အရေးကြုံရင် စစ်အင်အား စုဖွဲ့ပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပူးပေါင်းတိုက်ပွဲ ဝင်ကြတာပါ။ ရှေးမြန်မာ ဘုရင့်တပ်မတော် အမှုထမ်းစစ်သည်တစ်ယောက် ဖြစ်လာဖို့ကလဲ မလွယ်ကူပါဘူး။ ခြေလျင် ၁၀ ပွဲ အောင်မှ မြင်းတပ်သား ဖြစ်ရပါတယ်။ မြင်း ၁၀ ပွဲ အောင်မှ ဆင်တပ်သား ဖြစ်ရပြီး ဆင် ၁၀ ပွဲ အောင်မှ လှေတပ်သား ဖြစ်နိုင်တာပါ။ ဒါ့အပြင် ဓါးရေး၊ လှံရေး၊ မြင်းရေး၊ တက်ရေး အဖက်ဖက်က ကျွမ်းကျင်ရသလို သေနင်္ဂဗျူဟာ စစ်ပညာများကိုလဲ ကျွမ်းကျင်ရပါတယ်။ ရှေးမြန်မာ စစ်သည်တော်တွေဟာ လက်ရုံးရည်မှာ ထူးချွန်ကြသလို လက်ရုံးရည်ရော နှလုံးရည်ပါ ထူးချွန်ကြတဲ့ သူတွေလဲ ပေါ်ထွန်းခဲ့ပါသေးတယ်။ ဒီပန်းချီကားတွေကို ကြည့်ရှုပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ မျိုးချစ်စိတ်ဓါတ်တွေ ပိုမိုရင့်သန်စေခဲ့လို့ တန်ဖိုးရှိလှပါတယ်။

ဒီနေ့ ဒီပန်းချီပြပွဲကို အထူးကြည့်ရှု ခံစားခွင့် ရခဲ့လို့ ကျေးဇူးတင်ပါတယ်။ တာဝန်ရှိသူတွေနဲ့လဲ ပညာရပ်ဆိုင်ရာ အသိအမြင် ဗဟုသုတတွေ ဖလှယ်ခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လဲ ဒီလို research လုပ်ထားတဲ့ ပန်းချီကားကောင်း၊ လက်ရာမွန်တွေ ထပ်မံ ထွက်ပေါ်လာပါစေလို့ ဆုတောင်းပေးပါတယ်။ တပ်မတော်ကြီးက လက်ရုံးရည်သာမက နှလုံးရည် ပြည့်ဝတဲ့ တပ်မတော်သား ပညာရှင်တွေလဲ များစွာ ပေါ်ထွန်းလာပါစေလို့ ဆုတောင်းပေးပါတယ်။
တပ်မတော်ကို ထာဝရ လေးစား ချစ်ခင်စွာဖြင့်
#တင်လတ်ယု
ပန်းချီကားတွေကို ဓါတ်ပုံမရိုက်ခဲ့ပါဘူး၊ ဘာလို့လဲဆိုရင် မီးရောင်ကြောင့် ထိခိုက်မှာ စိုးလို့ပါ။ လက်ကမ်းစာစောင်ထဲက ပုံလေးတွေပဲ ပြန်ရိုက်တင်ပေးလိုက်ပါတယ်။
Post a Comment