သခင်ပြောင်းတဲ့ခွေး (ကေအိုင်အေ)

သခင်ပြောင်းတဲ့ခွေး၊ အမေရိကန်ယိမ်း KIA
တရုတ်နယ်စပ်မှာ ရှင်သန်ရပ်တည်နေတဲ့ KIA အဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် နဝတ၊ နယက စစ်အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်ဆဲပြီး သူ့နယ်မြေဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။
-
မြန်မာနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်အရ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီအစိုးရ များ ဖြစ်လာချိန်မှာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးပွင့်လင်း ထိတွေ့လာပြီးနောက် တရုတ်နယ်စပ်မှာရှိတဲ့ KIA အဖွဲ့ကလည်း တရုတ်ကို ကျော်ခွပြီး အမေရိကန်ကို လက်ကမ်းခဲ့ပါတယ်။
-
၂၀၀၉ ခုနှစ်အတွင်း KIA ထိပ်ပိုင်းခေါင်းဆောင် ဂွမ်မော် အမေရိကန်ခရီးစဉ်နောက်ပိုင်း KIA ဟာ တရုတ်ကို အားကိုးအားထားပြုမှု မသိမသာ လျှော့ချခဲ့ပြီး  KIA နယ်မြေမှာ CIA အဖွဲ့တွေ အမည်အမျိုးမျိုးနဲ့ လှုပ်ရှားလာခဲ့ပါတယ်။
-
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာတော့ KIA ၊ AA ၊ KNU ၊ KNPP အဖွဲ့တွေကို အမေရိကန်က သူ့ဘက်ပါအောင် NUG မှတစ်ဆင့် ထောက်ပံ့မှုအမျိုးမျိုးပေးပြီး စည်းရုံးခဲ့လို့ တရုတ်နယ်စပ်က အင်အားကြီး KIA အဖွဲ့  သခင်ပြောင်းပြီး အမေရိကန်ဘက် သိသိသာသာ ယိမ်းသွားကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြပါတယ်။
-
CIA ရဲ့ ထောက်ပံ့မှုနဲ့ နောက်ကွယ်က ကြိုးကိုင်မှုများကြောင့် KIA ဟာ မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုလည်း သိသိသာသာ တိုက်ခိုက်လာတာကိုလည်း မြင်တွေ့ကြရပါတယ်။
-
KIAအဖွဲ့ဟာ သူ့ ရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ ဖားကန့်ကျောက်စိမ်းနဲ့ စစ်ကိုင်းတိုင်းထဲက သစ်ခိုးထုတ်မှု ဝင်ငွေတွေ လျော့နည်းကျဆင်းလာတာနဲ့အမျှ ယူနန်နယ်ထဲက တရုတ်စီးပွားရေးသမားတွေနဲ့ ထိတွေ့ ဆက်ဆံမှု လျော့ကျလာခဲ့ပါတယ်။
-
ဒါ့ကြောင့်CIA ရဲ့ ထောက်ပံ့ကြေးတွေကို ရယူလိုတဲ့ KIA ဟာ တရုတ်နယ်စပ်မှာနေပြီး အမေရိကန်ကို လက်ကမ်းခဲ့တဲ့ နှစ်ဖက်ခွစားဗျူဟာကို လိမ်မာပါးနပ်စွာ ကျင့်သုံးလျက်ရှိပါတယ်။
-
အမေရိကန်ရဲ့ထောက်ပံ့ကြေးရဖို့အတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်ပြည်မကြီးရဲ့ စီမံကိန်းလုပ်ငန်း တွေကို သူ့ရဲ့တပည့် AA ၊ စစ်ကိုင်းPDF အဖွဲ့များနှင့် နှောင့်ယှက် တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင် လျက်ရှိပါတယ်။
-
လတ်တလောမှာလည်း ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့က တရုတ်တို့ရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို နှောင့်ယှက်တိုက်ခိုက်မှုကို KIA အဖွဲ့ရဲ့ အစီအမံနဲ့ နယ်မြေခံ PDF တွေက လုပ်ဆောင်ခဲ့ပါတယ်။
-
မေလ ၁ ရက်နေ့ မနက်ပိုင်းမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တရုတ်နိုင်ငံပိုင် ကြေးနီ ၅၇၀ တန်တင်ဆောင်လာတဲ့ မော်တော်ယာဉ် ၂၀ စီးကို မုံရွာမြို့နယ် ဂွေပင်တောရွာအနီးမှာ လက်လုပ်မိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးပြီး ယာဉ်အကူ ၁ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ်။
-
လက်ပံတောင်းကြေးနီ စီမံကိန်းကို လုံခြုံရေး သေချာလုပ်ပေးဖို့နဲ့ စီမံကိန်းမရပ်ဆိုင်းအောင် လုပ်ဖို့ တရုတ်အစိုးရက နစကကို တောင်းဆိုခဲ့ပေမဲ့ KIA/PDF တွေရဲ့ တိုက်ခိုက်မှုကို နစက လုံခြုံရေးတပ်တွေက အကာအကွယ်မပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
-
သခင်ပြောင်းတဲ့ခွေး၊ အမေရိကန်ယိမ်း KIA ကို ပေါက်ဖော်ကြီး ဘယ်လိုထိန်းချုပ်မလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#ခင်ညိုချော


Post a Comment

Previous Post Next Post