မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့အား နစက ဥက္ကဋ္ဌ လက်ခံတွေ့ဆုံ


နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIK HOUN နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မေ လ (၁၅) ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်လျက်ရှိမှုနှင့်အကူအညီလိုအပ်လျက်ရှိသည့် ပြည်သူများ လက်ဝယ်ရောက်ရှိရေး အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post