ရေလိုက်လွဲနေတဲ့ တော်လှန်ရေးခေါင်းစဥ်

သို့ မမနုကြည် ဆိုပြီး ဆန်းကျော်စွာဝင်းက ကဗျာရှည်လေးတစ်စောင်ရေးလိုက်တာပဲ။ နုကြည်မိသားစု တစ်သိုက်ရဲ့ အနောက်နိုင်ငံမှာ ကောင်းစားနေတာ။ ထောက်ပို့တွေဟာ အညာကို မရောက်ဘူးဆိုတဲ့ အချက်တွေကို မီးမောင်းထိုးသလို ဖြစ်တော့ ကဗျာ ဆရာလည်း ကြောက်အားလန့်အားနဲ့ ပြန်ဖြုတ်ချ၊ အကြောက်အကန်နဲ့ ဖြေရှင်းရတဲ့ ပုံစံ ဖြစ်သွားရှာတယ်။

 ကိုယ်ပြောပါတယ်။ နုကြည်မှာက ထောက်ပို့ငွေတွေကို ဘုံးတာချင်းအတူတူ အောက်ဖဲလှန်လို့မရလို့ အတူတူ ငြိမ်ခံရတဲ့ လူတန်းစား တသိုက်က သပ်သပ်ရှိပါတယ်ဆိုတာ အစောကတည်းက ပြောခဲ့ဖူးပါတယ်။ ဒီမိုကရေစီဆိုတာကိုသာ ပါးစပ်က မနားတမ်းပြောတာ။ လက်တွေ့မှာ နုကြည်ကို ဝေဖန်လို့လည်း မရဘူး။ မှားနေပါတယ်လို့လည်း ထောက်ပြခွင့်မရှိဘူး။ ခုလက်ရှိ ရှမ်းမြောက်ဘက်ကို ထွက်တဲ့ အညာက တရားမဝင်သစ်ကားတွေတောင် နုကြည်အာမခံချက်၊ နုကြည်ခွင့်ပြုချက်နဲ့ ထွက်ခွင့်ရနေတာဆိုပဲ။ ဒီလောက်ဆို မင်းတို့တော်လှန်ရေး ဘယ်လောက် ရေလိုက်လွဲ မှားနေသလဲဆိုတာ သုံးသပ်ကြည့်ပေါ့။ 

(နရီမိုး)

Post a Comment

Previous Post Next Post