ကျေနပ်ပါတော့-----------



တပ်မတော်ဖခင်ကြီးသမီးဆိုပြီး
အခွင့်အရေးလည်းအများထက်ပိုယူပိုရ
ယုံကြည်မှု့လည်းအများထက်ပိုရ
ချစ်ခင်မှု့လည်းပိုရ
တန်ဖိုးထားခံရတာလည်း အများထက်ပိုရခဲ့တာပဲ

ကျေနပ်တော့နော်

ငါ့အဖေကြောင့် အကျိုးခံစားခွင့်ရသင့်တယ်ဆိုလည်း
ဒီလောက်နဲ့ကျေနပ်ပါတော့

-----

ကိုလိုနီထက်
လူငယ်တွေစတေးခံရတာကသူမကြောင့်ပိုများ
ပြည်သူနိုင်ငံသားဆင်းရဲသောကကပိုများခဲ့
ကိုယ့်အဖေတည်ထောင်ခဲ့တဲ့အဖွဲ့အစည်းကိုကလန့်တိုက်ပြီးအမုန်းမီးလေးမှိုင်းသွင်းရင်း
အမုန်းတွေကိုသာဖြန့်ဝေပေးခဲ့လို့

လူငယ်တွေလမ်းပျောက်
လူမှန်စီးပွားရေးသမားတွေဘေးရောက်
ပေါင်းစားပုဆိန်ရိုးတိုင်ကွန်တွေအတ္တနဲ့လောကကိုထပ်ဆင့်ပူလောင်စေခဲ့
မက်လုံးလေးပေးပေါင်းစားပြီးနာမည်ခံဒီမိုကရေစီဆိုပြီး
ဒီမိုကရေစီအပင်ပေါက်လေးကိုသေးခွပန်းခဲ့ပြန်ရော

တော်ပါတော့

-------

အရာရာကိုအသစ်ကပြန်စချင်ပါပြီ

ခင်ဗျားအဖေတည်ထောင်ခဲ့တဲ့တပ်မတော်လည်း ခင်ဗျားလိုချင်အကုန်ပြန်ယူသွားပါ

ခင်ဗျားစေတနာဆိုတဲ့ ဘာသာသာသနာစော်ကားတန်းညှိ နိုင်ငံသားနှိမ်ချတဲ့
ခင်ဗျားစေတနာတွေအကုန်ပြန်ယူသွားပါ

ကိုလိုနီလက်အောက်ကတိုက်ထုတ်ပြီးလွတ်လပ်ရေးရခဲ့တယ် လေကောင်းသံလေးမဟပါနဲ့တော့

ကိုယ်ကျိုးအတွက်စျေးကွက်ရှာရင်းစီးပွားဆန်လွန်းတဲ့ လွတ်လပ်ရေးကိုလည်း အားကျတဲ့ထဲမပါလေတော့ဖူး

အခြားဘေးကနိုင်ငံတွေနှစ်နည်းနည်းနောက်ကျမှလွတ်လပ်ရေးရပြီး သာယာပြည့်စုံနေတာလေးက ဘာ့ကြောင့်လည်း
ဒီနေ့လူငယ်တွေ
ခက်ခဲတဲ့ကြားကအသိအမြင်တွေရရှိနေပါပြီ

တော်ပါတော့ ကျေနပ်ပါတော့ ဒီလောက်ဆိုရင်

လူငယ်တွေအနာဂါတ်ဆက်မပျောက်အောင်

တော်ပါတော့ ကျေနပ်ပါတော့

လိုချင်အကုန်သာအပြင်ယူသွားတော့ဗျာ

နောင်မျိုးဆက်သစ်ကိုဆိုးအမွေလေးမချန်ထားခဲ့ချင်ရုံပါ ခင်ဗျားကြီးတို့လို

တောင်းဆိုရင်း

မနုဿီဟ
ပသ၃၆
အမျိုးသားနိုင်ငံရေးသမား

Post a Comment

Previous Post Next Post