ရဲဘော်ရဲဘက်စိတ်ဆိုတာ...


          ရန်သူ့ဘန်ကာရှေ့မှာကျကျန်ခဲ့တဲ့ရဲဘော်ရဲဘက်သူငယ်ချင်းကို အသက်စွန့်ပြီးပြန်တက်ဆွဲခဲ့တဲ့စစ်သည်တော်တစ်ဦးကိုမေးမြန်းကြတယ်။


     " မင်းကွာ... မင်းအသက်စွန့်ပြီးတက်ဆွဲတဲ့မင်းသူငယ်ချင်းက အသက်ရှင်တယ်ဆိုလဲထားပါတော့..... အခုက အသက်မရှင်ခဲ့ဘူး.....!  
တကယ်လို့သာမင်းပါကျည်မှန်လို့အသက်စွန့်ရရင်နှစ်ယောက်သေမှာ.... 
မင်းစွန့်လွှတ်စွန့်စားရတာတန်သလား"တဲ့....!

    "တန်ပါတယ်..... သိပ်ကိုတန်ပါတယ်..
ဘာလို့လည်းဆိုတော့ ကျွန်တော် သူ့ကိုတက်ဆွဲပြီးပွေ့လိုက်တဲ့အချိန်မှာ သူမသေသေးဘူး.....
 ဒါပေမယ့် အသက်ငွေ့ငွေ့ပဲကျန်တယ်.. 
သူ့ရဲ့ နောက်ဆုံးထွက်သက်မှာ ကျွန်တော့ကိုပြုံးကြည့်ပြီးပြောသွားတယ်..... "
မင်း လာကယ်မယ်ဆိုတာငါသိတယ်"တဲ့......

      ရဲဘော်ရဲစိတ်ရယ်  မျှော်လင့်ချက်ရယ်
တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရယ် 
အခိုင်အမာပြခဲ့ကြတဲ့စစ်သည်တွေ အရမ်းချစ်ဖို့ကောင်းတဲ့ နလုံးသားလှတဲ့လူကြမ်းကြီးတွေ.......!🇲🇲

#crd

Post a Comment

Previous Post Next Post