ဒီလိုအတွေးအခေါ်နဲ့တိုင်းပြည်ကို ဦးဆောင်ဖို့ စိတ်မကူးပါနဲ့


သိဒတ္ထမင်းသားက
ထီးနန်းအရိုက်အရာ ဆက်ခံရမယ့် အခြေအနေ
ရခဲ့တာတောင် နိုင်ငံရေးတွေ၊
ပါဝါလွန်ဆွဲမှု့ စစ်ပွဲတွေကို စိတ်ပျက်
ကျောခိုင်းချင်လို့  တောထွက်
သစ္စာလေးပါး နဲ့ ဉာဏ်အလင်းကို သိအောင်လုပ်ခဲ့တာ။
မင်းတို့လို ပရောဂျက်တင်စား၊ အလှူခံစား
အဝေးကနေ ပြည်သူကို ဘာလုပ်ပါလား
ညာလုပ်ပါလား ခေတ်ကျမှပဲ
ဗုဒ္ဓနေ့ကို တော်လှန်ကဆုန် လုပ်ခိုင်းလို့ လုပ်ခိုင်း
အခါကြီးရက်ကြီးနေ့ ဘုရားမှာ လူမစည်ရင်
ဝမ်းသာလို့ သာ
အံမယ်
ခရစ္စမတ် ကျရင်တော့
တော်လှန်ခရစ္စမတ် လုပ်ကြ လို့ မပြောရဲဘူး
ပျော်ရွှင်သောခရစ္စမတ်ဖြစ်ပါစေ ဘာညာ ဆိုပြီး
ဖားလိုက်သေး
တခြားဘာသာဝင်တွေကို မပြောပါဘူး
ဗုဒ္ဓဘာသာဝင်တွေက
ဘာသာရေး ဆုံးမသွန်သင်မှု့ အတွေးအခေါ်လဲ
တန်ဘိုးမထား
ဗုဒ္ဓနေ့ ဘာသာရေးနေ့တွေကို
ဖျက်လို့ဖျက်ဆီးလုပ်နေသရွေ့
တော်လှန်ရေးက မအောင်နိုင်ပါဘူး။
ဘာသာရေး နဲ့ နိုင်ငံရေးတောင် ခွဲမသိတဲ့ကောင်တွေ
ဒီလိုအတွေးအခေါ် အဆင့်အတန်းလောက်နဲ့တော့
တိုင်းပြည်ကို ဦးဆောင်ဖို့ စိတ်မကူးပါနဲ့ ကွာ
ငါ့အထင်တော့
မင်းတို့ဘာမှ ဆက်မလုပ်တတ်တော့လို့
ပြည်သူကို ဘာလုပ်ကြ ညာလုပ်ကြ
ပြောနေတယ်ထင်တာပဲ
ဟိုကြားဒီကြားက ဖျစ်ညှစ်ထွက်လာတဲ့ လေပဲ ရှိတော့တာ

Post a Comment

Previous Post Next Post