ကျောင်းသားများအတွက် စာအုပ်နှင့်ကျောင်းသုံးကိရိယာများ အခမဲ့ထောက်ပံ့မည်

အခြေခံပညာကျောင်းများတွင် ကျောင်းသုံးစာအုပ်နှင့် ကျောင်းသုံးကိရိယာများ အခမဲ့ ထောက်ပံ့မည် 
***
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံကျောင်းများတွင် ကျောင်းသုံးစာအုပ်နှင့် ကျောင်းသုံးကိရိယာများကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 
KG တန်းမှ Grade 5 အထိ ကျောင်းသုံးစာအုပ်များအပါအဝင် ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံ တစ်စုံစီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Grade 6 မှ Grade 12 အထိကို ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ ၊ ဘောပင်များ ထောက်ပံ့ပေးမည့်အပြင် အတန်းအားလုံး ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေး၊ စာကြည့်တိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေမျှ လုံးဝမကောက်ခံကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီး ဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တပြိုင်တည်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
#
Saw Ba Maung

Post a Comment

Previous Post Next Post