ကိုယ့်ပြည်နယ်ကို ကိုယ်တိုင်ဖျက်ဆီးပစ်တဲ့လူတွေ

အိန္ဒိယနဲ့ မြန်မာအတွက် တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ် ၂ ခုရှိတယ်။ တစ်ခုက တမူးလမ်းကြောင်း။ သူက နေ့စဉ် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃ သောင်း ကျော်လောက်ရှိတယ်။ နောက်တစ်ခုက ရိဒ် လမ်းကြောင်း။ သူက နေ့စဉ် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂ သိန်းလောက်ရှိတယ်။ ဒီလို ကုန်သွယ်မှုဖြစ်ဖို့ဆိုတာက ပြည်မက လာတဲ့ ကုန်တွေ တင်ပို့ရင်းနဲ့ ရလာတဲ့ ငွေကြေးလည်း ဖြစ်တယ်။ 
အိန္ဒိယဘက်က အဓိက တင်သွင်းတာ ပဲမျိုးစုံဖြစ်တယ်။ ချင်းမှာ ဘယ်ပဲမှ မထွက်ဘူး။ နယ်စပ်မြို့တွေ သိမ်းထားရုံမကလို့ ဘာလုပ်လုပ်။ ပြည်မထဲက ကုန်တွေ မစီးဆင်းသရွေ့ မြို့ဝင်ကြေးလောက်ပဲ ကောက်လို့ရမယ်။ 

မေးပါဦးမယ်။ ခုပျက်စီးသွားတဲ့ ထန်တလန်နဲ့ တီးတိန်မြို့တွေကို တောင်ယာ စပါးစိုက်ပြီး ပြန်ပြင်ကြမှာလား။ ပိန်းဥနဲ့ ဖရုံသီးစိုက်ပြီး အသစ်ပြန်တည်ကြမှာလား။ ချင်းမှာတောင် လက်နက်ကိုင်အဖွဲ့တွေက နည်းတာမဟုတ်ဘူး။ ခင်ဗျားတို့ ဘာဖြစ်ချင်နေကြတာလဲ ဆိုပြီး လက်ညိုးထိုးမေးရတော့မှာပဲ။ 

(နရီမိုး)

Post a Comment

Previous Post Next Post