ကောင်းရာဘုံဘဝ ရရှိနိုင်ပါစေ... 😧

ဪ..ကလေးရယ်


နောက်ဘဝ လူပြန်ဖြစ်ခဲ့ရင်...
အကြမ်းဖက်ကင်းစင်တဲ့ နိုင်ငံမှာပဲ
မိစုံဖစုံနဲ့ အေးချမ်းပျော်ရွှင်နိုင်ပါစေ..။
နိုင်ငံရေး ခေါင်းစဉ်တပ်ပြီး
ကိုယ်နဲ့ ကိုယ့်မိသားစု ကောင်းစားဖို့သက်သက်
သူများသားသမီးငယ်တွေကို အကြမ်းဖက်လမ်းစဉ် သွတ်သွင်း‌နေတဲ့ နိုင်ငံရေးအတ္တသမားများ ရန်က လွတ်ကင်းပါစေ...။
ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ ယုတ်ညံ့တဲ့စိတ်ဓါတ်နဲ့
အေးချမ်းစွာနေလိုတဲ့ မိသားစုများစွာကို...
ရန်ရှာသတ်ဖြတ်နေတဲ့ လူပြိန်းအတ္တသမားများလက်က လွတ်ကင်းနိုင်ပါစေ...။
အလိုရှိရင် ပြည်သူခေါင်းစဉ်တပ်...
အလိုမရှိရင် ဒလန်ခေါင်းစဉ်တပ် ...
လူ့အသက်ကို တန်ဖိုးမထား သတ်ဖြတ်တတ်တဲ့...လူ့တိရိစ္ဆာန်များလက်က ကင်းဝေးပါစေ...။
ကိုယ်အလိုရှိရာရဖို့ နိုင်ငံ လူမျိုးနဲ့ ယုံကြည်ကိုးကွယ်ရာ ဘာသာ သာသနာကိုပါ ဖျက်ဆီး စော်ကားဖို့ ဝန်မလေးတဲ့ တစ်ဖို့တည်းအတ္တသမားအကြမ်းဖက်များ ရန်က အမြဲကင်းဝေးပါစေလို့..ကောင်းရာဘုံဘဝ ရရှိနိုင်ပါစေလို့ ဆုမွန်းကောင်းတောင်းပေးပါတယ် ကလေးရယ်...။
#DGF

Post a Comment

Previous Post Next Post