ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ အမြောက်အမြားရှိသည့်အတွက် ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အညာဒေသ၏ အငွေ့အသက်များ လျော့နည်းပပျောက်မှုမရှိစေရေးအတွက် စိုက်ပျိုးမြေများ၊ ဥယျာဉ်ခြံမြေများ၏ ခြံစည်းရိုးအနားသတ်များတွင် ထန်း၊ မန်ကျည်း၊ တမာနှင့် ထနောင်းတို့ကဲ့သို့သော အညာဒေသနှင့် ကိုက်ညီသည့်အပင်များ စိုက်ပျိုးကြရန်လိုကြောင်းလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post