မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်


မနက်က ကြားရတဲ့ သတင်းတွေက နားမသက်သာလှဘူး။ တချိန်က စာရေးသူတစိတ်တပိုင်း ပါဝင်ပတ်သတ် ခဲ့ဖူးတဲ့ ကချင် က ပွိုင့် ၇၇၁ စခန်း ကို ရန်သူက အလုံးအရင်းနဲ့ဖိတိုက်ပြီး သိမ်းပိုက်တယ်

နားဖော့နဲ့ မိုးမောက် ကလဲ အတော်ကိုစိုးရိမ်ရ‌အနေအထားဖြစ်နေတယ်

ဒီကြားထဲ နပခ က ရသေ့တောင် ကလဲ နေ့လား ညလား အခြေအနေပဲ

ဖြစ်မှာပဲ ... တပ်မတော်အနေနဲ့ အင်အား သိန်းနဲ့ချီတဲ့ ရန်သူနဲ့၊ အခြားနိုင်ငံအထောက်အပံ့ရထားတဲ့ ရန်သူ ကို တိုက်ခိုက်ရေးအင်အား သောင်း ဂဏာန်းနဲ့ရင်ဆိုင်နေရတဲ့ အပြင် အဖက်ဖက်က ဝိုင်းဝန်းပိတ်ဆို့တဲ့ ဒဏ်ကို ကြံ့ကြံ့ခံ ဆောင်ရွက်နေရတာ။

ဆိုတော့ .... ခုလိုအခြေအနေကို ပြောင်းလဲပစ်ဖို့ဆိုတာ စစ်ဆင်ရေးကို အလှည့်အပြောင်းဖြစ်စေတဲ့ အရာတစ်ခု ဖြစ်ဖို့လိုတယ်

စစ်သမိုင်း မှာ ရှုံးနေရာကနေ နိုင်သွားတဲ့ဖြစ်စဉ်တွေဟာ အဲ့လို Change တွေကြောင့်ပဲ။ ၁၉၄၈ က အခြေအနေဆိုလဲ အဲ့လို Change ကြီးတစ်ခုကြောင့် နိုင်ခဲ့တာ။


အလှည့်အပြောင်းဖြစ်ဖို့အတွက် ...
တပ်မတော်သားတွေရဲ့ ပြင်းထန်သော စိတ်ဓာတ်
တပ်မတော်ရဲ့ အုပ်ချုပ်ထောက်ပံ့မှုကောင်းခြင်း စတဲ့ စတဲ့ အချက်တွေက အဓိက ပဲ။

အဲ့ အချက်တွေထဲက ပြင်းစွာသော စိတ်ဓာတ် ဖြစ်လာဖို့ ဆိုတာ ဒီအတိုင်းတော့ ဘယ်ရမလဲ

Force (တွန်းအား) တစ်ခုလိုတယ်။ ၁၉၄၈ တုန်းကရော မာနယ်ပလောတို့ ဘာတို့မှာရော စစ်ဆင်ရေးကွပ်ကဲရေးမှူး တွေသုံးသွားတာ တစ်ချက်ရှိတယ်။ ဘာလဲ ... တဆင့်မြင့်ရာထူးကို စစ်မြေပြင်မှာ ချက်ချင်းတိုးမြှင့်ပေးခြင်းပဲ။ အဲ့ နည်းလမ်းက ကာလတွေ ဘယ်လောက်ရွေ့လျား ရွေ့လျား ခေတ်တွေဘယ်လိုပဲ မတူမတူ တကယ်ကို စိတ်ခွန်အားဖြစ်စေတယ်။

ကုန်သည်ဆိုတာ အမြတ်ရဖို့ ကုန်ကူးတယ်။ ‌ပညာရှင်ဆိုတာ ပညာရှိကြောင်းပြဖို့ ပညာရှာတယ် စသဖြင့် စသဖြင့် လူတိုင်းမှာ မျှော်လင့်ချက်တွေနဲ့ နေ့ရက်တွေကိုဖြတ်သန်းမှ အဓိပ္ပာယ်ရှိမှာ

ဆိုတော့ စစ်သားဆိုတာလဲ မျှော်စရာ ရာထူးပဲရှိတယ်။ လစာကျတော့လဲ သူက ပုံသေလေ။ အပြင်အလုပ်လဲလုပ်မရဘူး။ ဒီတော့ စစ်သားတိုင်းရဲ့ မျှော်လင့်ချက်က ရာထူး တိုးရေးပဲ။

တပ်သား က ဒုတပ်ကြပ်ဖြစ်ချင်သလို ဗိုလ်ကြီးကလဲ ဗိုလ်မှူးဖြစ်ချင်တယ်။

ခုလက်ရှိ တပ်မတော်ရဲ့ အခြေအနေဟာ စစ်မျက်နှာ ပေါင်းစုံကနေ ရန်သူက တိုက်တာကိုခံနေရတဲ့အတွက်  စစ်ဆင်ရေးတပ်တွေဟာ နှစ်နဲ့ချီ မပြန်ကြရဘူး။ ပင်ပန်းနွမ်းနယ်မှုဒဏ်ရယ် အိမ်လွမ်းတဲ့ ဒဏ်ရယ်ကို ခါးစီးပြီး ခံနေရတာ

ဒီကြားထဲ သူပုန်အဖွဲ့ပေါင်းစုံက စစ်မျက်နှာစုံကနေ အင်နဲ့ အားနဲ့တိုက်လာတော့ တချို့နေရာမှာ ခွာစစ်ဆင်နေရတယ်

အဲ့တော့ ပြင်းစွာသော စိတ်ဓာတ်တွေဖြစ်လာဖို့က တပ်မတော်သားတွေရဲ့ ယုံကြည်ချက် ခံယူချက်နဲ့ မျှော်လင့်ချက်တွေ ထက်သန်လာဖို့လိုတယ်

အဲ့အတွက် တဆင့်မြင့်ရာထူး တွေပေးစေချင်ပါတယ်။ ကျဆုံးတဲ့ အရာရှိ/စစ်သည်တွေ ရာထူးပေးတဲ့အပြင် လက်ရှိ စစ်မြေပြင်မှာ ရင်ဆိုင်ယှဉ်ပြိုင်နေတဲ့ အရာရှိ/စစ်သည် တွေထဲက ရဲရင့်တဲ့ လုပ်ရဲကိုင်ရဲတဲ့ အောင်မြင်မှုရခဲ့တဲ့ လူတွေကို ရာထူးတွေ တဆင့်မြင့်တိုးပေးသင့်ပါတယ်ခင်ဗျ

နောက်တစ်ခုက လက်ရှိ တပ်မတော်မှာ ဗိုလ်ကြီးနဲ့အထက်ကို တက်ဖို့အတွက် နေရာအတော်ကျပ်နေပါတယ်။ တရုတ် တပ်မတော်မှာ အချိန်ပြည့်ပြီဆိုတာနဲ့ တန်းပြီး တဆင့်မြင့် တန်းတင်ပေးလိုက်တာပဲ။ အောက်မှာ Crew ရှိရှိ/မရှိရှိ။ ဖွဲ့စည်းပုံ ရှိရှိ/မရှိရှိ။ ဒါမှလည်း စစ်ဗိုလ်တွေ လုပ်ချင်ကိုင်ချင်တဲ့ စိတ်ရှိလာမှာလေ

နိဂုံးချုပ်အနေနဲ့တင်ပြရမယ်ဆိုရင် စစ်မြေပြင်တဆင့်မြင့် ရာထူးတွေ၊ ပုံမှန် Time Skill ရာထူးတွေကို ပေးပေးဖို့ အကြံပြုတင်ပြချင်ပါတယ်ခင်ဗျာ

မျိုးကြီး သီချင်းတောင်ရှိတယ်လေ
"မျှော်လင့်ချက်နဲ့အသက်ရှင်တယ်" တဲ့

ယခု ကျွန်တော်တင်ပြသည့် အချက်များသည် တပ်မတော်ကြီးအတွက် စေတနာဖြင့် တင်ပြခြင်းဖြစ်ပြီး မည်သူကိုမျှ စော်ကားလိုခြင်းအလျဉ်းမရှိပါခင်ဗျ

တပ်မတော်အကြီးအကဲနဲ့ အမိန့်ပေးအဖွဲ့ ဟာ စာရေးသူထက် အများကြီး ပညာ၊ သမ္ဘာမှာ သာလွန်ပြီးသားပါခင်ဗျာ။ သို့သော် တင်ပြပါ အချက်လေးတွေကို မေ့နေမှာစိုးတဲ့အတွက် တင်ပြခြင်းဖြစ်ပါသည်။


မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post