လာအိုမှာခွက်သွားခေါက်တဲ့သူတောင်းစားတွေကို ရဲကဖမ်းဆီးပြီး မြန်မာကိုပြန်ပို့

မဲဆောက်၊ မေ ၆

လာအိုနိုင်ငံ၊ တုံဖုံမြို့နယ်မှာ တော်လှန်ရေးအတွက်ရံပုံငွေကောက်ခံရင်းစီတန်းလှည့်လည်ကြွေးကြော်ခဲ့တဲ့ တော်လှန်ရထောက်ပို့အဖွဲ့ဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို လာအိုရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

လာအိုရဲတပ်ဖွဲ့က သူတို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်‌ သင်္ကြန်အကြို့နေ့မှာ ဖမ်း ဆီးခဲ့တာဖြစ်ပြီး တုံဖုံမြို့နယ်၊ ဘိုကီရဲစခန်းမှာထိန်းသိမ်းထားကာ ဖမ်းဆီးစဉ် အချိန်က လာအိုနိုင်ငံပဲ ပြန်လွှတ်ပေးမယ်လို့ ပြောကြားခဲ့ပေမဲ့ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ လာအိုအစိုးရက မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၃ ဦးနဲ့အမျိုးသမီး ၄ ဦး ပါဝင်ပါတယ်။ သူတို့ဟာ ဒေါင်းညီနောင်နဲ့ သွေးသောက်ညီနောင်အဖွဲ့တို့က ထောက်ပို့အဖွဲ့ဝင်တွေဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲက အဖွဲ့ဝင်တွေထဲက ၅ ဦးဟာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဝန်းရံပေးကြတဲ့သူတွေလို့ အမှုကိုလိုက်ပါကူညီ‌ဆောင်ရွက်ပေးခဲ့သူ ကိုရေခဲက ပြောကြားကြောင်း BBC သတင်းက ဆိုပါတယ်။
လာအိုအစိုးရက ဖမ်းဆီးထားတဲ့ ထောက်ပို့အဖွဲ့ဝင် ၁၇ ဦးကို လှေဆိပ်ကတဆင့် မြန်မာဘက်ကိုလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပြီး မြန်မာအာဏာပိုင်တွေက သူတို့ကိုလာရောက်လက်ခံသွားပြီးနောက် တာချီလိတ်မြို့၊ ဝမ်ပုံစက်လှေဂိတ်ကနေ ကျိုင်းတုံစစ်တပ်ဝန်းထဲ ‌ဆက်လက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကျိုင်းတုံစစ်တပ်ဝန်းထဲ ရောက်ရှိသွားပြီးနောက် ဖမ်းဆီးခံရသူတွေထဲက လူ ငယ်ယောက်ျားလေးတစ်ဦး သေဆုံးသွားကြောင်း သိရှိရပြီး ဘာကြောင့် သေ ဆုံးသွားတယ် ဘယ်သူသေဆုံးသွားတယ်ဆိုတာကိုတော့ အသေးစိတ်အတည်မပြုနိုင်သေးဘူးလို့ ကိုရေခဲက ပြောကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လာအိုအစိုးရဘက်ကရော မြန်မာစစ်ကောင်စီအစိုးရဘက်ကပါ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

#မြဝတီမဲဆောက်မီဒီယာ

Ref: BBC
ဓါတ်ပုံ- BBC
6.May.2024;Mon

Post a Comment

Previous Post Next Post