''မြဝတီမြို့မှာ KNU နဲ့ PDF တွေမရှိစေရ''လို့ ပြောလိုက်တဲ့ စောချစ်သူ

KNA အမည်ပြောင်း BGF ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူဟာ အောင်ဇေယျစစ်ဆင်ရေးရဲ့ ပင်မထောက်တိုင်ဖြစ်တာကိုအားလုံးသိပြီးဖြစ်မှာပါ။မြဝတီမြို့နဲ့ရွှေကုက္ကိုလ်ကို အထိအခိုက်မရှိအောင်ထိန်းထားနိုင်ပြီး ပြည်ပဝင်ငွေရရှိရေးအတွက်လည်း ကျားဖြန့်တွေကတစ်ဆင့်ငွေရှာနေတာလဲရှိတယ်။(ကျားဖြန့်တွေကဆိုးတယ်ဆိုတာတစ်ပိုင်း၊သူ့အိပ်ထဲထည့်တာကတစ်ပိုင်းပေါ့) တကယ့်လက်တွေ့မှာတော့ ပြည်သူအမြောက်အများကိုအလုပ်ပေးထားနိုင်ပါတယ်။ငွေလိမ်တာကလည်း ကိုယ့်နိုင်ငံကလူကိုလိမ်တာမဟုတ်လို့ အမျိုးသားအကျိုးစီးပွားထိခိုက်တယ်လို့ပြောမရဘူး။မကောင်းတဲ့အရာတွေမို့တနေ့ရှင်းပစ်ရမှာဆိုပေမယ့် အမှောင်ဘက်ခြမ်းကနိုင်ငံတိုင်းစီးပွားရှာနေတာပါပဲ။ထိုင်းက ကျားဖြန့်နိမ်နှင်ရေးတွေအော်နေပေမယ့်ထိုင်းအရာရှိတွေလဲပါဝင်နေတာပါ။ခု စောချစ်သူတစ်ဖြစ်လည်း KNA အနေနဲ့ KNU ကိုလှည့်စားပြီးသတ်ကွင်းထဲခေါ်ခဲ့နိုင်ပြီး အခုအခါကရင်ပြည်နယ်တစ်ခွင် KNU နဲ့ပဒက်ကင်းစင်ရေးစီမံကိန်းကိုစအကောင်အထည်ဖော်နေပါပြီ။လောလောဆယ်မှာတော့ မြဝတီမှာ KNUနဲ့ပဒက်မရှိစေရေးဆောင်ရွက်နေပါတယ်။ကရင်လူမျိုးထက် ကျွန်တော်ကပြည်ထောင်စုနဲ့နိုင်ငံတော်ရဲ့အကျ်ိုးကိုရှေးရှူပါတယ်လို့ပြောကြားထားပါတယ်။

Post a Comment

Previous Post Next Post