ဘီးလင်းမြို့အနီး ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို KNU / PDF တို့က ထပ်မံ ဖောက်ခွဲဖျက်ဆီး


ဘီးလင်းမြို့နှင့် ၇ မိုင်ခန့်အကွာ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းရှိ ရန်ကုန်​ မော်လမြိုင်ကားလမ်းပေါ်က ဒေသ​​ခေါ် မစောတံတားကို  KNU / PDF အကြမ်းဖက်အဖွဲ့များက ထပ်မံမိုင်းဖောက်ခွဲလိုက်တာကြောင့် ဆက်သွယ်ရေး ပြန်လည်ပြတ်တောက်သွားဖြစ်ကြောင်း  သိရသည်။

KNU / PDF အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့ မေလ ၂၄ ရက်နေ့ မနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ်တွင် သွယ်တန်းထားသည့် အရှည် (၁၀၆)ပေ၊ အကျယ် (၂၄)ပေရှိ တံတားအမှတ် (၁/၁၃၀)၊ မစောဒေသအခေါ် မစောတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စောတံတားအား KNU /PDF အကြမ်းဖက်အဖွဲ့များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ယင်းအချိန်တွင် ဆိုင်ကယ်စီးနှင်းလာသူ ၃ ဦး ပေါက်ကွဲမှုတွင်ပါဝင်ခဲ့ပြီး ၂ ဦးမှာသေဆုံးသွားကြောင်း သေဆုံး ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းများမှ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေကြောင်း သိရသည်။

Post a Comment

Previous Post Next Post