မိုခါ(MOCHA)မုန်တိုင်း ၁ နှစ်ပြည့်




မနှစ်က ဒီလိုနေ့ရက်မှာ ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ပြည်နယ်ကို တိုက်ခတ်ဖျက်ဆီးခဲ့တာ ၁ နှစ်ပြည့်ပြီ။

မုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့ အိုးအိမ်တွေ၊ အခြေခံအဆောက်အဦးတွေကို အစိုးရနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့လုပ်ခဲ့ကြလို့ မုန်တိုင်းတိုက်ပြီး ၁ လမကြာတဲ့အချိန်မှာပဲ လျှပ်စစ်မီးပြန်ရခဲ့တယ်။ မြန်မြန်ဆန်ဆန်ထူထောင်နိုင်ခဲ့တယ်။

ပြန်လည်ထူထောင်ရေးအရှိန်ကောင်းနေဆဲအချိန်မုန်တိုင်းဒဏ်ခံရပြီး ၆ လအကြာမှာ AA အကြမ်းဖက်အဖွဲ့ရဲ့ ပြည်သူကိုမငဲ့ညာပဲ စစ်ကိုခေါ်ခဲ့လို့ တိုက်ပွဲတွေပြန်ဖြစ်ပြီး စစ်ဒဏ်ခံစားကြရပြန်တယ်။ AA ခေါ်တဲ့ အခုတစ်ခေါက်စစ်က မိုခါထက်တောင်ဖျက်အားပိုပြင်းပြီး မြို့တွေ၊ရွာတွေဟာ မြို့ပျက်တွေလိုတောင် ဖြစ်သွားပြီ။

ဒါတွေဟာ AA အကြမ်းဖက်နဲ့ AA ကိုထောက်ခံသူတွေရဲ့ ကိုယ်စိုက်တဲ့အသီး ကိုယ်ပြန်စားရတာပါပဲ။ အရာရာတိုင်းဟာ အစွန်းရောက်သွားရင် ပျက်ဆီးရတတ်စမြဲပါ။
#MinChitOo

Post a Comment

Previous Post Next Post