NUG လက်အောက်ခံ PDF ဆိုတာ ...



NUG လက်အောက်ခံ PDF ဆိုတာ အခြေအမြစ်မရှိဖွဲ့စည်းထားတဲ့ လူတစ်စုကို PDF ဆိုပြီး ပရမ်းပတာနာမည်တပ်ထားတဲ့အဖွဲ့တစ်ခုဆိုရင်မမှားဘူး။


အများစုက အရပ်ဝတ်တွေနဲ့ သူပုန်ပီပီလက်နက်ကိုင်ပြီး လူသတ်/ဓားပြတိုက် နယ်မြေလှုပ်ရှားတဲ့အဖွဲ့။ အရပ်ဝတ်နဲ့သွားလာလှုပ်ရှားနေပြီးတော့ လုံခြုံရေးမရှိတဲ့ နေရာဒေသမှာဆိုရင် လက်နက်ကိုင်အကြမ်းဖက်ပြီး ကျေးရွာတွေမှာ အနိုင်ကျင့်တယ်။ မထင်ရင်မထင်သလို ရွာသူ/ရွာသားတွေကိုဖမ်းဆီးပြီး အကြောင်းအမျိုးမျိုးပြ သတ်ဖြတ်နှိပ်စက်တယ်။

ဒါ့အပြင် အင်အားနည်းတဲ့ လုံခြုံရေးစခန်းတွေကို အလစ်အငိုက်တိုက်ခိုက်ပြီး အောင်မြင်မှုရရင် နွေဦးတော်လှန်ရေးဆိုပြီးခေါင်းစဉ်တပ် အကြမ်းဖက်လုပ်ရပ်တွေလုပ်တယ်။ အဲ့ဒီတော့ နိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကိုကာကွယ်စောင့်ရှောက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းတွေလုပ်ရတယ်။

PDF(သူပုန်)ဆိုတာ အရပ်ဝတ်နဲ့ ရွာထဲမှာ လက်နက်ကိုင်ပြီး အခြေပြုနေတာတွေရှိမယ်။ တပ်မတော်ကသတင်းရလို့ နယ်မြေရှင်းလင်းရေးလုပ်ရင်း ဖမ်းဆီးတာတွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်လို့ အရပ်ဝတ် ဝတ်ထားတဲ့ PDF တွေသေတော့ အရပ်သားဆိုပြီးခေါင်းစဉ်တပ်တယ်။

ဆိုတော့…. ရွာထဲမှာနေတဲ့ အကြမ်းဖက် PDF ကိုရှင်းတော့ အရပ်သားဆိုပြီး ပြည်ဖျက်မီဒီယာတွေက ပုံဖော်နာမည်ဖျက်တော့ ဖြစ်စဉ်ကို တိတိကျကျမသိတဲ့ နိုင်ငံတကာကပုံရိပ်မှာတော့ အရပ်သားပြည်သူကိုသတ်တယ်ဆိုပြီး နာမည်ထွက်လာရော။

ဒါကလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ ထိုးနှက်ချက်တွေ။

ဒီလိုပြည်သူတွေကိုလက်နက်ကိုင် ခြိမ်းခြောက် အကြောက်တရားနဲ့ အကြမ်းဖက်မှုတွေကို တိုက်ထုတ်ရှင်းလင်းရာမှာ နိုင်ငံတော်ရဲ့တည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုတာဝန်ယူဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေသာမက ပြည်သူတွေကလည်း မိမိတာဝန်ယူဆောင်ရွက်လို့ရတဲ့ နေရာအသီးသီးကနေ ပါဝင်ဆောင်ရွက်ပြီး အကြမ်းဖက် PDF (သူပုန်)တွေရဲ့ လက်နက်ကိုင်အကြမ်းဖက်၊ လူသတ်နေမှုတွေအဆုံးသတ်ဖို့အတွက် နိုင်ငံတကာကသိရှိအောင်ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ အကြံပြုရင်း …..

မြန်မာပြည်ကြီး ..... ငြိမ်းချမ်းပါစေ။


Post a Comment

Previous Post Next Post