အညာ PDF များ လက်ထဲကိုရောက်လာတဲ့တရုတ်စစ်တပ်သုံး စိန်ပြောင်းများ


================================

အညာဒေသက PDF အဖွဲအတော်များများရဲ့
လက်ထဲကို တရုတ်စစ်တပ်သုံး PP-93 (Type 93)၆၀မမ စိန်ပြောင်းများ အတွေ့ရများလာပါတယ်။

ဒီစိန်ပြောင်းတွေကို မန္တလေး PDF လိုလူသိများတဲ့
Mdy PDF အဖွဲနဲ့ ရွှေဘို PDF အဖွဲ အပါအဝင်
အညာဒေသ PDF အဖွဲတွေရဲ့ လက်ထဲမှာ စတင်
တွေ့လာရတာပါ။

ဒီလက်နက်တွေ အညာဒေသက PDF တွေရဲ့
လက်ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတာ
စိတ်ဝင်စားဖွယ်မေးခွန်း ဖြစ်လာပါတယ်။

၂၀၂၃ ခုနှစ် နှစ်ကုန်းပိုင်းမှာ ဖြစ်ခဲ့တဲ့
မြောက်ပိုင်း မဟာမိတ်အဖွဲ ဆင်နွှတဲ့ 1027 စစ်ဆင်ရေး
မှာလည်း မြောက်ပိုင်း လက်နက်ကိုင်အဖွဲတွေဟာ
တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်း အများအပြားကို
အသုံးပြုခဲ့တာကြောင့် တရုတ်ဟာ သူ့နယ်စပ်က
လက်နက်ကိုင်တွေကို ထောက်ပံ့နေတယ်လို စစ်ရေး
လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

အခုအခါမှာလည်း မြန်မာပြည်အလယ်ပိုင်းက
အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် PDFအဖွဲတွေထံမှာ
တရုတ်တပ်မတော်သုံး စစ်လက်နက်ပစ္စည်းတွေကို
တွေ့လာရတာကြောင့် တရုတ် - မြန်မာနယ်စပ်က
မြောက်ပိုင်း လက်နက်ကိုင်တွေကိုသာမက အညာဒေသ
က လက်နက်ကိုင်တွေကို စစ်လက်နက်တွေ တိုက်ရိုက်
ထောက်ပံ့နေပြီလားလို စစ်ရေးအကဲခတ်တွေ ကြားမှာ
မေးခွန်းသစ်တွေ ပေါ်ထွက်လာပါတယ်။

ဇော်သစ်(Article -11News)
10.May.2024;Fri

Post a Comment

Previous Post Next Post