အကြမ်းဖက်PDFတွေက တံတားတစ်စီးကိုဖျက်ဆီးလိုက်ပြန်ပြီ

ယနေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ ကလိကျွန်းရွာနဲ့ ချောင်းရွာကြား၊ ရန်ကုန်-မော်လမြိုင်သွား ရထားလမ်းပေါ်ရှိ တံတားအမှတ် (၇၈) အား အကြမ်းဖက်သောင်းကျန်းသူ KNU/PDF အဖွဲ့များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်... အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် မီးရထားသံလမ်း နှစ်ချောင်းမှာ ၂ ပေခန့် ပြတ်ထွက်ပျက်စီးခဲ့ပြီး ၎င်းနေရာအနီးတွင်လည်း လက်လုပ်မိုင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရပါတယ်... အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးကို အကြောင်းပြပြီး လမ်း၊ တံတားတွေကို ဖျက်ဆီးကာ ပြည်သူတွေ ဒုက္ခရောက်အောင်၊ သွားရေးလာရေး ခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်...

Post a Comment

Previous Post Next Post