ခရီးသည်ကားတွေကိုပါ ပစ်ခတ်တိုက်ခိုက်လာတဲ့AA

AA အဖွဲ့က ခရီးသည်တင်ကားကို ပစ်ခတ် (အမ်း-ပဒါန်း)

ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က ပဒါန်း-အမ်း ကားလမ်းပေါ်တွင် မောင်းနှင်နေသည့် ခရီးသည် ၁၆ ဦးလိုက်ပါလာသော Starex ခရီးသည်တင်ယာဉ်အား AA သကသ အဖွဲ့များက ပစ်ခတ်လိုက်ကြောင်း သိရှိရသဖြင့် နယ်မြေခံစစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ AA ၂၀ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်၍ ရန်သူသည် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့။
AA အဖွဲ့၏ ပစ်ခတ်ခြင်းခံရသော ကားမှ ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါ အရပ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား မင်းဘူးပြည်သူ့ဆေးရုံသို့ စစ်ကြောင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post