AAအနိုင်ကျင့်တာခံနေရတဲ့ ချင်းလူမျိုးများ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ကလားကျေးရွာမှ ချင်းလူငယ် ၃ ဦးကို အကြမ်းဖက်အဖွဲ့ AA က ဇွန်လ ၁၀ ရက်နေ့မှာ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိဘူးလို့ သိရပါတယ်...အဆိုပါ ချင်းလူငယ် ၃ ဦးဟာ ဆိုင်ကယ် ကယ်ရီဆွဲတဲ့အလုပ်ကို လုပ်နေတဲ့ လူငယ်တွေဖြစ်ပြီး AA ရဲ့ အကြောင်းမဲ့ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်...AA ဟာ ပလက်ဝမြို့နေ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာ၊ အဓမ္မလူသစ်စုနေတာတွေကို လုပ်နေတာအားမရလို့ မတူပီမြို့မှ ချင်းလူငယ်တွေကိုပါ ဖမ်းဆီးလာနေပြီ ဖြစ်ပါတယ်...ဒီလောက်အထိ အတင့်ရဲနေတဲ့ AA ကို ချင်းလက်နက်ကိုင်တွေက မတားဆီးတော့ဘူးဆိုရင် ချင်းလူငယ်တွေ ဒီထက်ပိုပြီး အဖမ်းခံရ၊ အသတ်ခံရပါတော့မယ်...

Post a Comment

Previous Post Next Post