AA အဖွဲ့ပိုင်မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရမိ


AA အဖွဲ့ပိုင်မူးယစ်ဆေးဝါးများအား မုံရွာ-ပုသိမ်လမ်းကို အသုံးပြု၍ တောင်ကုတ်သို့ သယ်ဆောင်လိမ့်မည်ဟု တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ဖမ်းဆီးရန် စောင့်ဆိုင်းနေစဉ် ဇွန်လ ၁၆ ရက် မနက် ၄ နာရီခန့်၊ မိုင်တိုင် ၁၃၉ တွင် မသင်္ကာဖွယ် ကျား ၁၀ ဦး(ဗမာ ၁၊ ရခိုင် ၉)အား စစ်ဆေးမေးမြန်းခဲ့ပါသည်။
-
မေးမြန်းချက်အရ ကျောက်တော်မြို့နေ AA အဖွဲ့ခေါင်းဆောင်(စိစစ်ဆဲ) တစ်ဦးပိုင်ဆိုင်သည့် (WY) မူးယစ်ဆေးဝါးများအား ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ဘက်သို့ ပို့ဆောင်မှာဖြစ်လို့ လာရောက် သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးများအား ရေကျော်ရွာအုပ်စု၊ ရွှေပြည်သာရွာရှိ တောင်ယာတဲ တွင် သိုဝှက်ထားကြောင်း သိရှိရသည်။
-
ဆက်လက်ရှာဖွေရာ တောင်ယာတဲအတွင်းမှ ဆာလာအိတ်အဖြူ(၁၂)အိတ်ဖြင့် ထုတ်ပိုးထားသော (WY)  မူးယစ်ဆေးပြား (၁၁၆၀၀၀၀)(တစ်သန်းကျော်) သိမ်းဆည်းရမိပြီး သယ်ဆောင်သူ (၁၀)ဦးအား တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။

ခင်ညိုချော

Post a Comment

Previous Post Next Post