AA ကြောင့် ချင်းလူမျိုးတွေ ပျောက်တော့မှာလား

AA အကြမ်းဖက်အဖွဲ့တွေက ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေခပ်စိတ်စိတ် ဖန်တီးလာတွေ့ရတယ်။ AA က ပလက်ဝကိုတိုက်ခိုက်ပြီးနောက် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ စတဲ့မြို့နယ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပြီး အဲဒီ မြို့နယ်တွေက ဒေသခံချင်းလူမျိုးတွေကို တပ်သားသစ်စုဆောင်းတာတွေ၊ လုပ်အား ပေးအတင်းအဓမ္မစေခိုင်းတာတွေနဲ့ ဆက်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေတာ ကြောင့် ဒေသခံတွေ ချင်းလူမျိုးတွေဟာ ပြည်မနဲ့ အိန္ဒိယဘက် ထွက်ပြေးမှုတွေ ပိုများ လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် AA အဖွဲ့က လက်နက်အားကိုးနဲ့ ချင်းလူမျိုး တွေအပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျရုံသာမက အသက်မပြည့်သေးတဲ့ ချင်းအမျိုးသမီး တွေကို အဓမ္မပြုကျင့်တာတွေစတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကိုပါ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ချင်းပြည်နယ်အတွင်းမှာဒေသခံချင်းလူမျိုးတွေ အခုလိုအနိုင်ကျင့် ခံနေရပေမဲ့ ချင်းလူမျိုးတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ကာကွယ်နိုင်တဲ့ ချင်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှမရှိတာ အံ့ဩဖို့ကောင်းတယ်။
 ချင်းပြည်နယ်အတွင်း CNF တို့ CDF ဆိုတဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေက ကိုယ့်ချင်းလူမျိုးတွေကိုတောင် ကာကွယ်မပေးနိုင်ဘဲ AA လုပ်သမျှ ငြိမ်ခံနေရတာက အင်မတန်ရှက်ဖို့ကောင်းတယ်။ ဒီလိုသာဆက်သွားနေရင် ချင်းပြည်နယ်ကို AA တွေဝါးမြိုသွားပြီး ချင်းလူမျိုးတွေ အနှေးနဲ့အမြန် ပျောက်ကွယ်မှာသေချာတယ်...
#SB

Post a Comment

Previous Post Next Post