မောင်တောမြို့မှ မွတ်ဆလင်များအား ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့မှ မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေ


ဇွန်လ ၂၄ ရက် နံနက် ၅ နာရီခန့်က မောင်တောမြို့၊ ဘစုဖရွာ ဗလီထဲ၌ ဝတ်ပြုနေသူ မွတ်ဆလင် ၈ ဦးအပါအဝင် ရွာသား ၆ ဦး ၊စုစုပေါင်း ၁၄ ဦးအား  ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့မှ အတင်းအဓမ္မဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

၎င်းတို့အား ကျီးကန်းပြင် ဘက်သို့ခေါ်ဆောင်သွားကြောင်း သိရှိရပြီး ဖမ်းဆီးခံရသူများမှာ အောက်ရွာမှ ဟူဆောင်အမတ် ၇၀ နှစ်၊ ရော်ဘိစ်အမတ် ၁၇ နှစ် (ဘ) ဒိလ်မာမတ်၊ လက်သာရွာမှ ဆော်ဒီမုစ်တာဖါ  ၂၃ နှစ် ၊ အနိုဝါရ်  ၂၅ နှစ် (ဘ) နိုရ်ခေါ်ဘိရ်၊ ရှောင်ရှု  ၅၅ နှစ် (ဘ) ဘော်ဒီ၊  အီမာန်ဟူဆောင်  ၄၀ နှစ် (ဘ) နော်ဘီဟူဆောင်၊ ဘစုဖရွာမှ  ဟာရုန်   ၆၅ နှစ်၊ မာဆောင်  ၅၂ နှစ်၊  (ဘ) ဇေါ်လာမတ် နှင့် ဂူနာရွာမှ ၂ဦး၊ ဇင်တူလာရွာမှ ၄ ဦး တို့ပဲဖြစ်ကြပါတယ်။

ယင်းနေ့မှာပင် ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့၏ မောင်တောမြိုနယ်၊ ဇင်တူလာရွာမှ မွတ်ဆလင် ၆ ဦးကိုအား ထပ်မံဖမ်းဆီးသွားပြီး မွတ်ဆလင် ၂ ဦးအား လည်လှီးသတ်ဖြတ်ပြီး ဇူလာရွာ ချောင်းအတွင်း ပစ်ချထားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူဒေသခံများထံမှ သိရှိရပါတယ်။

  အဆိုပါ ထပ်မံဖမ်းဆီးခံရသည့် မွတ်ဆလင် ၆ ဦးမှာ   ရှောင်ရှုအလောမ်  ၃၀ နှစ် (ဘ) ဟာဘီရောင်၊ အဘုလာရှိမ် ၅၀ နှစ် (ဘ) ဒူဒူများ၊ ရှော်ဖါ  ၂၀ နှစ် (ဘ) အဘုလာရှိမ်၊ မာမူရော်ရှိတ်  ၂၅ နှစ် (ဘ) နာဂိုး၊ ဆော်ယောတ်ဟူဆောင် ၅၃ နှစ် (ဘ) ဟာလာများနှင့် အေနာမုလ်ဟာဆောင် ၁၈နှစ် (ဘ) ဟာမိတူဆောင် တို့ပဲဖြစ်ပါတယ်။

  ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မွတ်ဆလင်များအား လက်နက်ဖြင့် အကြမ်းဖက်မှုများနေ့စဉ် လုပ်ဆောင်နေသည့် ရခိုင်အစွန်းရောက် AA အဖွဲ့အနေဖြင့် ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်မြောက်ပိုင်း ကြိမ်းချောင်းမှ လောင်းဒုံကျေးရွာဖက်သို ကားဖြင့် သွားသူများအား အဝေးမှ သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ပစ်ခတ်ခံခဲ့ရသူများမှာ ကြိမ်ချောင်းကျေးရွာမှဖြစ်ကြောင်း သိရှိရပြီး ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ခရေမြိုင်ရွာမှ အမျိုးသားတစ်ဦးမှာ AA အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံရ၍ သေဆုံးသွားခဲ့ရပါတယ်။ 

  AA အဖွဲသည် ရခိုင်-ဘင်္ဂလားနယ်စပ်ဒေသ၊ မောင်တောနှင့် ဘူးသီးတောင်အတွင်းနေထိုင်သည့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲငွေတောင်းခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိကာ ငွေမပေးနိုင်ပါက သတ်ဖြတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း စသည့် ‌အကြမ်းဖက်မှုများအား နေ့စဉ်နှင့်အမျှ  ဆက်လက် လုပ်ဆောင် လျက်ရှိပါတယ်။
#crd
#MCO
https://t.me/minchitoo989989/36002?single

Post a Comment

Previous Post Next Post