ရခိုင်ကို AAဒုက္ခမျိုးစုံပေးနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မောင်တော- ဘူးသီးတောင်သွားကားလမ်း တောင်ဘက်ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ဂိုဒေါင်အတွင်းရှိ ဘင်္ဂါလီများကို ထောက်ပံ့မည့် ပစ္စည်းများကို AA သောင်းကျန်းသူအဖွဲ့မှ လုယူရန်ကြိုးပမ်းခဲ့ပြီး မအောင်မြင်ချိန်မှာ ဂိုဒေါင်များကို ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ဖျက်ဆီးမှု ဇွန်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်...AA ဟာ WFP ဂိုဒေါင်အတွင်းရှိ ပစ္စည်းများကို လုယက်ယူဆောင်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီး ထိုသို့ဆောင်ရွက်ရာတွင် AA ကိုထောက်ခံအားပေးတဲ့ ဒေသခံရခိုင်အချို့ ပါဝင်ခဲ့ပါတယ်...ထိုကြောင့် ဒေသခံဘင်္ဂါလီရွာသားများဟာ ဂိုဒေါင်အတွင်းရှိ ပစ္စည်းများ AA ထံ မရောက်စေရေးအတွက် အနီးအနားရှိ လုံခြုံသည့်နေရာများသို့ ဇွန်လ ၂၁ ရက်နေ့က စတင်ရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်...
ထိုသို့ရွှေ့ပြောင်းမှုကြောင့် AA ဟာ ဇွန်လ ၂၂ ရက်နေ့မှာ ဒရုန်းနဲ့ကင်းထောက်တာတွေပြုလုပ်ပြီး WFP ဂိုဒေါင်တွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ဂိုဒေါင်တွေ မီးလောင်ပျက်စီးခဲ့ရပြီး ပစ္စည်းတွေ ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်...အဆိုပါ ဂိုဒေါင်တွေရဲ့အမိုးမှာ UN ဆိုတဲ့ ကုလသမဂ္ဂအမှတ်အသားကို ထင်ထင်ရှားရှားရေးသားထားပါလျက်နဲ့ AA သောင်းကျန်းသူအဖွဲ့ဟာ ဒရုန်းနဲ့ ဗုံးချပြီး တမင်ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်...AA ရဲ့တိုက်ခိုက်မှုကြောင့် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘင်္ဂါလီတွေလည်း ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ခဲ့ပါတယ်...

AA သောင်းကျန်းသူအဖွဲ့ဟာ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့မှာရှိတဲ့ ဘင်္ဂါလီတွေကို မောင်းထုတ်တာတွေကို ပြုလုပ်နေပြီး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေကို နေ့စဉ်ပြုလုပ်နေတာ ဖြစ်ပါတယ်...AA ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထွက်ပြေးနေကြရတဲ့ ဘင်္ဂါလီတွေကို ကူညီဖို့အတွက် အသင့်ထားရှိတဲ့ WFP ရဲ့ ဂိုဒေါင်တွေကို AA မှ ဖောက်ထွင်းလုယူရန်ကြိုးစားမှု မအောင်မြင်တာကြောင့် ယခုလို အကြမ်းဖက်တိုက်ခိုက်ခြင်းဟာ လူသားချင်းဆိုင်ရာအကူအညီပေးရေးကို နှောင့်ယှက်တိုက်ခိုက်နေခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပ‌ဒေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်...လက်ရှိအချိန်မှာ AA ဟာ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီတွေကို လူမျိုးရေးခွဲခြားပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ ပြုလုပ်နေတာကြောင့် ဘင်္ဂါလီတွေ သိန်းနဲ့ချီကာ ထွက်ပြေးနေရတာလည်း ဖြစ်ပါတယ်...

Post a Comment

Previous Post Next Post