AAက ရခိုင်ကိုဖျက်နေပြီ

ကျောက်ဖြူမြို့နယ်တွင် ကျောင်းတက်ရန်သွားရောက်နေသော ကျောင်းဆရာ/မများကို AA တပ်အဖွဲ့ဝင်များက ဟန့်တား၊ စာသင်ပြခြင်းမပြုရန် တားမြစ်
=====
ဇွန်လ (၅) ရက်

ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအများမှာ စာသင်ရန်တာဝန်ကျတဲ့ ကျောင်းဆရာ/ဆရာမများ ကျောင်းများကို သွားနေစဉ် ယမန်နေ့ နံနက်ပိုင်းမှာ AA တပ်ဖွဲ့ဝင်‌တွေက သိုင်း‌ချောင်း‌ကျေးရွာလမ်းဆုံအနီးမှာ တားဆီးပြီး စာသင်ကြားခြင်းမပြုရန် တားမြစ်ကာ မောင်းထုတ်ခဲ့တဲ့အတွက် ဆရာ/မတွေ လှည့်ပြန်သွားရတယ်လို့ မျက်မြင်သက်သေတစ်ဦးထံမှ သိရှိရပါတယ်။

"အေအေရဲ့ တော်လှန်ရေးက စစ်ကောင်စီ တိုက်လေယာဉ်အောက်က ခွေးပြေးဝက်ပြေးအဆင့်သာ ရှိသေးတယ်။ အခုကပင် ပြည်သူအပေါ် မတရားနှိပ်စက်တာမျိုး ပြုလုပ်လာတာက အနာဂတ်လှပမှာမဟုတ်ဘူး။ ကလေးတွေ စာသင်ကြားခွင့်ပိတ်ပင်တာက တော်လှန်ရေးနဲ့ ဘာမှမဆိုင်သလို တမင် လက်နက်အားပြတာရောက်တယ်၊ ရခိုင်တွေပညာမတတ်မှ သူတို့ပြောတာယုံ အဟုတ်ထင်တယ်ဆိုတာကို ကောင်းကောင်းသိနေလို့ အခုလိုကလေးတွေပညာမတတ်အောင်လုပ်နေတာ"လို့ ဒေသခံတွေက ဝေဖန်ပြောဆိုပါတယ်။
လှည့်ပြန်သွားရတဲ့ ဆရာ/ဆရာမ ၄၀ ခန့်ရှိပြီး ၄တို့မှာ သိုင်းချောင်း၊ ဇိုင်ချောင်း၊ အချွန်း၊ ပြားကျွိန်၊ တံတားဦး၊ ဆားတလင်းကျွိန်၊ ကြတ္တိန်၊ တောင်မော်၊ ကုလားဘာ၊ မင်းပြင်၊ ရေနံတောင်၊ ဝမြှောင်ကျေးရွာများရှိ စာသင်ကျောင်းတွေမှာ စာသင်ကြားမည့် တာဝန်ကျဆရာ/ဆရာမတွေဖြစ် တယ်လို့ စုံစမ်းသိရှိရပါတယ်။

Post a Comment

Previous Post Next Post