ပြည်သူလူထုအများစုသည် နိုင်ငံတော်၏ ကျောင်းပညာရေးကိုသာ အားကိုးကြကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


========================
ပြည်သူလူထုအများစုသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသူများ ဖြစ်သည့် အတွက် နိုင်ငံတော်၏ကျောင်းပညာရေးကိုသာ အားကိုးကြကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို တက်ရောက်မိန့်ခွန်းပြောကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အများပြည်သူက ယုံကြည်အားကိုးကြသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းပညာရေးတွင် ပညာတော်၊ ပညာတတ်၊ ဘက်စုံထူးချွန်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးကို  အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်၊ အရည်အချင်း ပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်မှာ ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှု ကောင်းမွန်ရေးအပေါ်မှာ တည်မှီနေကြောင်း ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post