ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများ သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ


နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည်။

ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင် ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှု ထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်း ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ယင်းဥပဒေအား စတင်အသက်ဝင်စေခဲ့ သည်။ ထိုသို့ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂)တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင် ကြားပေးလျက်ရှိသည်။

Post a Comment

Previous Post Next Post