နိုင််ငံတကာမှာ ရပ်တည်လိုရအောင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို ချနင်းခဲ့တဲ့ နိုင်ငံခြားသား (သို) ရှောင်တာနယ်


သြစတြေးလျနိုင်ငံသား ရှောင်တာနယ်က သူ့ရဲ့ An Unlikely Prisoner (သူမတူတဲ့အကျဉ်းသား)ဆိုတဲ့ စာအုပ်လက်မှတ်ထိုးမိတ်ဆက်ပွဲကို အမေရိကန်ပြည် ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် ဇွန်လ ၁၆ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ရှောင်တာနယ်နဲ့အတူ သူ့မိန်းမ မစ္စ Ha Vu၊ အမေရိကန် ရောက် အကြမ်းဖက်အားပေး မြန်မာအချို တက်ရောက်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ဇွန်လ ၉ ရက်နေ့ကလည်း အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုပွဲနဲ့ စာအုပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး ရှောင်တာနယ်နဲ့အတူ NUG အကြမ်းဖက်အုပ်စုကလူတွေနဲ့ အဲဒီပြည်နယ်မှာရှိတဲ့ မြန်မာအချို တက်ရောက်ခဲ့တာတွေ့ရပါတယ်။

ရှောင်တာနယ်က သူ့ရဲ့ An Unlikely Prisoner (သူမတူတဲ့အကျဉ်းသား) ဆိုတဲ့ စာအုပ်ထဲမှာ အာဏာထိန်းခဲ့တဲ့ တပ်မတော်ကို အပုပ်ချပြီး မဟုတ်မမှန်စွပ်စွဲရေးသား ဖော်ပြချက်တွေ၊ သူဖမ်းဆီးခံခဲ့ရတဲ့အကြောင်း၊ မြန်မာအကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ အခြေအနေတွေကို မဟုတ်မမှန် လီဆယ်ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ တကယ်တော့ ရှောင်တာနယ်လ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အစိုးရလျှိဝှက် ချက်များ အက်ဥပဒေပါပုဒ်မ၃(၁)၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတိုဖြင့် အမှုဖွင့်ခဲ့ပြီး ပြစ်ဒဏ်ကျခဲ့ရတဲ့ အကျဉ်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ ရှောင်တာနယ် အပြစ်ဒဏ် ကျတဲ့အချိန်မှာလည်း အခြားသာမန်အကျဉ်းသားတွေနဲ့မတူဘဲ အခွင့်အထူးခံလူ တစ်ယောက်လို လိုလေသေးမရှိအောင် အဆင်ပြေပြေနဲ့ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးကအစ သူ့ရဲ့ကျန်းမာရေးပုံမှန်စမ်းသပ် စစ်ဆေးမှုတွေကို ဂရုတစိုက်နဲ့ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

အပြစ်ဒဏ်ကျခံနေရတဲ့အချိန်မှာ ဩစတြေးလျသံအမတ်ကြီးကိုယ်တိုင် မေတ္တာ ရပ်ခံခဲ့လို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက စေတနာမေတ္တာရှေ့ထားပြီး မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ ရှောင်တာနယ်အား နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆံဆက် ရေးကိုရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ ဩစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံ ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား ရှေးရှုသောအားဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ရှောင်တာနယ်တို လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့အချိန်မှာ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိတဲ့ ပြဏ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနိုင်ငံတော်အစိုးရက ပြစ်ဒဏ်ကာလမစေ့မီအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ စေတနာကို နားမလည်ဘဲ ရှောင်တာနယ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာနဲ့ သတင်းမီဒီယာတွေရဲ့ ဆက်သွယ်ပြောကြားချက်တွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မဟုတ်မမှန်ရေးသား ပြောဆိုခြင်းတွေပြုလုပ်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ ကျေးဇူးကန်း ခဲ့တဲ့ ရှောင်တာနယ်ရဲ့ မဟုတ်မမှန် ရေးသားပြောဆိုမှုကြောင့် သူ့လိုအကျဉ်းကျနေတဲ့ ကျန်တဲ့နိုင်ငံခြားသားအကျဉ်းသားတွေတောင် လွတ်ငြိမ်းခွင့်ရဖို ခက်ခဲသွားပြီ ဖြစ်ပါ တယ်။

ရှောင်တာနယ်ဟာ အရင်ကတည်းက စီးပွားရေးအကြံပေးအဖြစ်နဲ့ နိုင်ငံရဲ့ စီးပွားရေးကျပ်တည်းအောင် တိုင်းပြည်ပျက်စီးအောင်၊ မြန်မာနိုင်ငံသားပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံခြားသားတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း တစ်ဘိုတည်းသမားပီပီ သူရပ်တည်လိုရအောင်၊ ငွေကြေးထောက်ပံ့မှုနဲ့ ဝင်ငွေရရှိ အောင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို အသုံးချခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း ရှောင်တာနယ်ဟာ အကြံသမားပီပီ သူရေးတဲ့ An Unlikely Prisoner ဆိုတဲ့ စာအုပ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သူရပ်တည်လိုရအောင်၊ လူအထင်ကြီးအောင်၊ နာမည်ကျော်ဇောအောင်၊ ငွေကြေးထောက်ပံ့မှုနဲ့ ဝင်ငွေအများ အပြားရရှိအောင်လို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ချနင်းကာ မဟုတ်မမှန်လီဆယ်ရေးသား ဖော်ပြ ထားတဲ့ စာအုပ်မျိုးသာ ဖြစ်ပါတယ်။
လင်းနိုင်

Post a Comment

Previous Post Next Post