မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန ဖွင့်လှစ်


တရုတ်နိုင်ငံအစိုးရအကူအညီပေးအပ်သည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန နှင့် ကျန်းမာရေး ဝန်ထမ်းများလေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်း (CDC)လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဇွန် ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံမှ ဧည့် သည်တော်များက စီမံကိန်းပြီးမြောက်ခြင်းအတွက် အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဆိုပါစင်တာအတွက် ဆိုင်း ဘုတ် ဖွင့်လှစ်ပေးခဲ‌့ကြောင်း သိရသည်။

CDC သည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရစီမံကိန်းဖြစ်ပြီး လတ်တ လောနှစ်အတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီပေးသော အကြီးမားဆုံး စီမံကိန်းလည်းဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့်၂၀၁၈ ခုနှစ်တွင် စီမံကိန်းကူညီဆောက်လုပ်ပေးမှုအတွက် သဘောတူညီမှုရရှိ ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊CDC သည် ဧရိယာ စတုရန်းမီတာ ၄၀,၀၀၀ ကျယ်ဝန်းပြီး အဆောက်အအုံ ဧရိယာမှာ စတုရန်းမီတာ ၁၈,၀၀၀ ရှိကာ CDC အဆောက်အအုံ၊ ကျန်းမာရေးဝ န်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံး အဆောက်အအုံနှင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဇီဝလုံခြုံမှု အဆင့် - ၃ (Biosafety level 3) ဓာတ်ခွဲခန်းတို့ပါဝင်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post