ဂျင်းတောထဲ ဂျင်းကောင်လေးများသိစေဖို့

ဒေါ်အောင်ဆန်းစုကြည် အခုနေနေတဲ့ 
အမွေခွဲပြီး ခြံအမှတ် ၅၄ က 
အနည်းဆုံး သိန်းပေါင်းတစ်သိန်းလောက် တန်ပါတယ် 

ရန်ကုန်က သူဌေးတွေ အနုပညာရှင်တွေ ဝယ်နေတဲ့
ပုပ္ပါးက နှစ်ဧကလောက်ကျယ်တဲ့ခြံက 
သိန်း ၂၀၀၀ ကနေ ၅၀၀၀ ကြား တန်နိုင်ပါတယ်

လက်ရှိ ရွှေဂုံတိုင်က  NLD ပါတီရုံးချုပ်ဟာ 
ဒေါ်အောင်ဆန်းစုကြည် အမည်ပေါက်နဲ့သာဖြစ်နေရင်
အနည်းဆုံး သိန်း ၂၀၀၀၀ အထက် တန်လို့
ထည့်တွက်သင့်ပါတယ်
နေပြည်တော်မှာ လရောင်တောစီမံကိန်းအတွက် 
နိုင်ငံပိုင်မြေ ဧက ၉၀ ကျော်ကို
တစ်ဧက သိန်း ၅၀ နဲ့
ဒေါ်စုအမည်ပေါက်နဲ့ ယူခဲ့တာက 
ပုဂ္ဂလိကပေါက်စျေး
တစ်ဧကကို သိန်း ၄၀၀၀ နဲ့ တွက်ဦးတော့ 
ဘီလျံ ၄၀ လောက် တန်ပါတယ်။

နေပြည်တော်မှာ NLD ပါတီရုံးအတွက် ယူခဲ့တဲ့
နိုင်ငံပိုင်မြေ ၁၆ ဧက က 
ဒေါ်အောင်ဆန်းစုကြည်အမည်ပေါက်နဲ့မဟုတ်ဘဲ
NLD ပါတီအမည်ပေါက်နဲ့ဆိုရင်တောင် 
သိန်း ၅၀၀၀၀ က အနည်းဆုံးတန်ကြေးပါ

ဒေါ်စုဟာ နိုင်ငံတော်အတိုင်ပင်ခံလစာ ၄၅ သိန်း အပြင်
ဝတ်စုံစားရိတ်တို့ စားစရိတ်တို့ ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခုစာလစာ ဗဟို ကော်မတီဥက္ကဋ္ဌလစာတွေရပါတယ်
ဘယ်လစာကိုတော့ မယူဘူးလို့ ကြေညာတာ မရှိပါဘူး
ပြည်ထောင်စုအဆင့်ဥက္ကဋ္ဌလစာတွေက 
တစ်လသိန်း ၃၀ ရပါတယ်
သူယူထားတဲ့တာဝန်တွေ များသလို 
လစာတွေကလည်း ဥက္ကဋ္ဌ နေရာတစ်ခု သိန်း ၃၀ ပါ
နေရာ ၁၅ ခုဆို တစ်လ သိန်း ၄၅၀ လခရပါတယ်
အခု ၃၀ ဆို သိန်း ၉၀၀ ပါ

ဒီတော့ အဲဒီလစာတွေကတင် တစ်လ သိန်း ၂၀၀ ပဲ
တွက်ကြည့်မယ်ဆို လက်ရှိ လပေါင်း ၅၀ မှာ
ဒေါ်စုဝင်ငွေက အနည်းဆုံး
သိန်းပေါင်း ၁၀၀၀၀ ပါ။ 
ပုပ္ပါးခြံမဝယ်ခင်ကလည်း 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်ဝင်ငွေကနေ 
ပြည်သူကို လှူပါတယ်လို့
အထောက်အထား အတိအကျမမြင်ရတဲ့အတွက်
နိုဗယ်ဆုကငွေတွေ၊ စာအုပ်ရောင်းရငွေတွေဟာ
ဒေါ်အောင်ဆန်းဆုကြည် ဘဏ်အကောင့်မှာ
ထုနဲ့ထည်နဲ့ ရှိနေနိုင်ပါတယ်

လွှတ်တော်ကိုယ်စားလှယ်ဖြစ်တုန်းက 
လွှတ်တော်ကိုယ်စားလှယ်ဆုကြေးရတုန်းကလည်း
ဒေါ်အောင်ဆန်းစုကြည်က သူ့လစာကနေ 
မလှူခဲ့ မကူညီခဲ့တော့ 
အသေးစိတ်တွက်မယ်ဆိုရင်
ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်မှုဟာ 
ဘဏ်စာအုပ်မှာ သိန်း ၂၀၀၀၀ အထက် ရှိနိုင်ပါတယ်

ဒါဟာ သိန်းပေါင်း သုံးလေးသိန်း တန်တဲ့
တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံပိုင်မြေကို
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဆိုပြီးလုပ်ထားတာ
သိန်းရာချီတန်တဲ့ လည်ဆွဲဘယက်တွေ
လုံးဝမထပ်တဲ့ ဝတ်စုံတွေနဲ့ ရာထူးရပြီးနောက်
လာကန်တော့တဲ့
လက်ဆောင်တွေရဲ့ တန်ဖိုးက
ဘာမှန်းမသိရသေးလို  မပါသေးပါဘူး
ထည့်မတွက်လိုပါဘူး

ပြောချင်တာက 
အမေစုမှ ဘာမှ ပိုင်ဆိုင်မှုမရှိဘူးဆိုတဲ့ 
စကားတွေကိုပဲ တုံ့ပြန်လိုတာပါ
အမေစုဟာ ဘီလျံနာပါ

ဆန်တစ်ပြည် ၂၀၀၀ တန်တောင် ဝယ်မစားနိုင်တဲ့ 
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့
တစ်မိသားစုလုံးပေါင်းလို့
သိန်း ၁၀၀ တန် ခြံ မပိုင်တဲ့ သူတွေက
ဂျင်းထည့်တာတွေယုံပြီး 
သူက အရာရာစွန့်လွှတ်ထားတာ
ဘာပိုင်ဆိုင်မှုမှမရှိဘူးဆိုတဲ့ ဂျင်းတွေ
မယုံကြပါနဲ့လို့ပဲ

ဖြိုးဝေ

Post a Comment

Previous Post Next Post