နိုင်ငံတစ်နိုင်ငံ၏အင်အားသည် ပညာအပေါ်တွင် အခြေခံကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပြောကြား


========================
နိုင်ငံတစ်နိုင်ငံ၏အင်အားသည် ပညာအပေါ်တွင် အခြေခံကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို တက်ရောက်မိန့်ခွန်းပြောကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ထည့်သွင်းပြောကြားခဲ့ပါတယ်။ 
ဒါ့အပြင် ဗလငါးတန် ပြည့်ဝပြီး အသိဉာဏ်ပညာပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏အနာဂတ်များဖြစ်ကြောင်း၊ မိဘများက သားသမီးများ လူလားမြောက်အောင်ကျွေးမွေးပြုစုယုယကြကြောင်း၊ ပညာသင်ယူရမည့် အရွယ်ရောက်သည့်အခါ နွေးထွေးသည့်မိဘရင်ခွင်မှခွာပြီး စာသင်ကျောင်းဆီ ဦးတည်ကြရကြောင်း၊ မိဘရင်ခွင်ပြီးပါက ဆရာ့ရင်ခွင်သည် ကျောင်းသားလူငယ်များအတွက် ဒုတိယရင်ခွင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဆရာ၊ ဆရာမများသည် ကျောင်းသား ကျောင်းသူများအတွက် ဒုတိယမိဘများပင်ဖြစ်ကြကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post