အတုယူသင့်တယ်"" ပြတ်သားတယ်... ပူတင် ""



စစ်ရေးလေ့ကျင့်ဖို့ အကြောင်းပြ
ချက်သုံးပြီး  ဒိန်းမတ်အပါအဝင် အခြားနိုင်ငံတွေကို တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ယူဆောင်လာတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို တန်ပြန်အရေးယူဖို့အတွက် ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ သမ္မတပူတင်ကတာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပြန်လည်ထုတ်လုပ်မယ်လို့  ပြောဆိုပါတယ်။
ဒါဟာ ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေပေးနေတဲ့ အနောက်အုပ်စုနိုင်ငံတွေကို ကောင်တာတိုက်စစ်နဲ့ပြန်ထိန်းချုပ်ထားတဲ့ အကွက်ဖြစ်ပါတယ်တာလတ်ပစ်နျူကလီးယားထိန်းချုပ်ရေး စာချုပ်အရ အမေရိကန်နဲ့ ရုရှားတို့ဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အတွင်းပစ်ခတ်နိုင်တဲ့ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် ထုတ်လုပ်ခြင်း သို့မဟုတ် စမ်းသပ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။
ဒီသဘောတူညီချက်ကတော့ နှစ်နိုင်ငံအကြားမှာ အမေရိကန်က အဲဒီလက်နက်အမျိုးအစားတွေကို မဖြန့်ကြက်မချင်း ရုရှားကလည်းထုတ်လုပ်မှုစတင်မှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့သော်လည်း အခုအမေရိကန်က စစ်ရေးလေ့ကျင့်တာကိုအကြောင်းပြပြီးလက်နက်စတင်ဖြန့်ကြက်လာတဲ့အတွက် ရုရှားကထုပ်လုပ်မှုကိုပြန်စတင်ပြီ ဖြန့်ကြက်မှုတွေပြန်လုပ်
တော့မှာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post