ပဲခူးဆရာတော်ဖြစ်စဥ်နှင့်ပက်သက်၍သီတဂူဆရာတော်ကြီးမိန့်ကြားချက်

🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ပဲခူးဆရာတော်ဖြစ်စဥ်နှင့်ပက်သက်၍သီတဂူဆရာတော်ကြီးမိန့်ကြားချက်

သီတဂူဆရာတော်ကြီးက-
"ဒီကနေ့ တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေတယ်။နိုင်ငံတော်နဲ့ တပည့်တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်ကဒုက္ခဖြစ်စရအများ ကြီးရှိတယ်။အဲ့ဒါကြောင့် တိုင်းသူပြည်သား
လူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့ အစဉ်အမြဲတည်တံ့မှု Union Unitedဆိုတဲ့ ညီညွတ်မှုကိုလည်း အားပေးတဲ့အနေနဲ့....
၁။ သည်းခံတော်မူကြပါဘုရား။
၂။ခွင့်လွှတ်တော်မူကြပါ။
၃။မေ့ပျောက်တော်မူကြပါ။
ပြန်ပြင်လို့ မရတော့တဲ့ ဒီအမှားကို တစုံတယောက်မှားတဲ့ ဒီအမှားကို
တပည့်တော်တို့ သံဃာတော်တွေဟာအားပေးမိရာ မရောက်အောင် ထပ်ပြီးတော့ မမှားမိအောင် သည်းခံခြင်း၊
ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါဘုရား"လို့ မိန့်ကြားသွားတာဖြစ်ပါတယ်။
#Crd
https://t.me/MaChitsu413
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Post a Comment

Previous Post Next Post