ခေတ်အဆက်ဆက် သမိုင်းတွင်ကျန်ခဲ့မှာပါ

ရဟန်းသံဃာပါမချန်သတ်ဖြတ်နေတဲ့ အကြမ်းဖက်သမား PDF တွေက ပြီးခဲ့ဇွန်လ ၂၀ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာ မင်္ဂလာတောင် ကျောင်း ကျောင်းထိုင်ဘုန်းကြီးကို အကြမ်းဖက်သတ်ဖြတ်ပြီး ကျောင်းပိုင်ကား (၁)စီးနဲ့ငွေကျပ်သိန်း (၄၀၀)ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

NUG/ PDF အကြမ်းဖက်သမားတွေရဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေကြောင့် နေရပ်ဒေသအသီးသီးက ဒေသခံပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ကလေးငယ်တွေအပြင် ဗုဒ္ခဘာသာဝင်တွေ အထွတ်အမြတ်ထား ကိုးကွယ်ကြတဲ့ ရဟန်းသံဃာတွေများစွာ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီလို တရားလက်လွတ်ထင်တိုင်းကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကလူတွေက တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မှားယွင်းမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုအပေါ်မှာ ပြောဆိုလို့မဆုံး ဝေဖန်လို့မဆုံးဖြစ်နေတာဟာ တော်တော်လေး ရွံစရာကောင်းလောက်တဲ့အထိ ဖြစ်နေပါတယ်။ ဒါတင်ပဲလားဆိုတော့ နုနယ်ပြီး ငယ်ရွယ်တဲ့ရဟန်းသံဃာတွေကို အသုံးချပြီး လမ်းပေါ်ဆွဲတင်ဖို့ နိုင်ငံရေးအမြတ်ထုတ်ဖို့အမျိုးမျိုးသော လှုံ့ဆော်မှုတွေကို လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
NUG က လူလိမ်အကြမ်းဖက်သမားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ကြည်ညိုကိုးကွယ်တဲ့ ဆရာတော် သံဃာတော်ကြီးတွေကိုတောင် ဝေဖန်ပုတ်ခတ် ဆဲရေးတိုင်းထွာနေတဲ့ ပုဂိ္ဂုလ်တွေဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မဟုတ်ကြတော့တဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေက ရဟန်းသံဃာတွေကိုတောင် နိုင်ငံရေးအမြတ်ထုတ်ဖို့ အသုံးချလာတာကို အားလုံးသတိပြုဆင်ခြင်ကြဖို့ အရေးကြီးပါတယ်။

Post a Comment

Previous Post Next Post