မြန့်မာ့တပ်မတော် ဘာလဲ? ဘယ်လဲ?


တရုတ်ကိုယ်စားလှယ်နဲ့ နစကတွေ့အပြီး
ရှစ်ရက်မြောက်မှာ
Tnla ဦးဆောင်တဲ့ သူပုန်အဖွဲ့ဟာ 1027 အဆက်ဆိုပြီး စိန်ခေါ်တိုက်လာပါပြီ။

SSPP / SSA ရှမ်းအဖွဲ့ဟာလဲ အသာအယာပဲ လမ်းဖွင့်ပေးလိုက်ပါတယ်။

ဘူမသိ ကိုးမသိ ပြည်တွင်းပြည်ပ NLD အစွန်းရောက် အကြမ်းဖက် ဗမာ pdf တွေကလဲ ပြည်ဖျက်ဖို့ အသင့်ဖြစ်နေကြပါပြီ။

မူဆယ်သိမ်းမယ်
ကျောက်မဲ နောင်ချို မိုးမိတ် တို့ကိုသိမ်းပြီးရင် လားရှိုးကိုကောက်စားမယ့်အကွက်ပါ။

ဒီလောက်နဲ့မပြီးပါဘူး မန္တလေးမြို့ပတ်လည် မတ္တရာကိုလဲ တိုက်လာပါတယ်။
ပြင်ဦးလွင် အထိသိမ်းမယ့်သဘောလားမသိ။

ဗိုလ်ချုပ်ခင်ညွန့်အသက်ရှိနေသေးသရွေ့ ဘယ်တော့မှ သူပုန်မထ သလို
တပ်မတော်နဲ့ ပူးပေါင်းကူညီပါ့မယ်လို့ ကတိပေးထားတဲ့ UWSA  ဝ အဖွဲ့ကလည်း အင်အား 5000 သံလွင်မြစ်ကိုကူးလာပါပြီ။
ဘာရည်ရွယ်ချက်လဲဆိုတာကတော့ ရက်ပိုင်းအတွင်းသိရပါမယ်။

ဒီပွဲဟာ မြန်မာ့နိုင်ငံရေးမှာ သမိုင်းတွင်မဲ့အဆုံးအဖြတ်ပါပဲ။

1027 ဖြစ်စဉ်နောက် ရှစ်လအကြာမှာ
တပ်မတော်အနေနဲ့ရော ဘာတွေပြင်ဆင်ပြီးပြီလဲ။
အလစ်အငိုက်ဆိုတာတွေ
သာလွန်အင်အားဆိုတာတွေ
ပြည်ပဒရုန်းပညာရှင်ဆိုတာတွေ... စတဲ့ ဆင်ခြေတွေမလိုအပ်တော့တဲ့ပွဲပါ။

လေယဉ်ပျံမရှိ
တင့်ကားမရှိ
ရေငုတ်သင်္ဘောမရှိသေးတဲ့ သူပုန်တွေနဲ့
ကမ္ဘာ့အဆင့် 35 ရှိနေတဲ့ တပ်မတော်တွေ့ကြပါပြီ။

ကမ္ဘာကြီးနဲ့အတူ ဘယ်နိုင်ငံကိုမှ S ဂရုစိုက်စရာမလိုတော့အောင်အင်အားကြီးလာတဲ့ တရုတ်ကြီးကရော မြန်မာနိုင်ငံကိုဘာဖြစ်စေချင်တာလဲ?
မြန့်မာ့တပ်မတော် ဘာလဲ? ဘယ်လဲ? မေးပါရစေ။

                                  ဖေဇော်ဂျီ

Post a Comment

Previous Post Next Post