အညာဆိုတဲ့အတိုင်းညာ ညာ နေကြတာကိုးးးး

ဒီတစ်ခေါက် အညာရောက်တော့
ပြောသံ ဆိုသံတွေ ကြားရတယ်။


ကိုယ်မွေးခဲ့တဲ့ မျောက် ကိုယ်ပြန်ကြောက်နေရပြီဘုရား တဲ့။

သူတို့ကိုေတာ့
ကောင်းသည်လည်း မပြောပါဖူး
ဆိုးသည်လည်း မပြောပါဖူး။

ဘာကြောက်စရာလို လို့လဲ လို့ ပြောတော့
မကြောက်လို့ရမလား ဦးဇင်းရယ်
သူတို့မွာ ဗြောက်တွေ နဲ့ တဲ့။
အခုကြောက်နေရဲ့သူကလည်း
အရင်က တပည့်တော် အိမ်မှာ
စာရင်းငှား လုပ်နေတဲ့ အလုပ်ကြမ်းသမားတဲ့။

သြော်..  ဆိုတဲ့ စကားပဲ သုံးလို့
ဘာတစ်မျှ ဆက်မမေး မပြောရဲတော့ပေ။

အညာဆိုတာက အမှန်တရားတွေကို ပိတ်ပင်ခံထားရပြီး
အမှားတွေကိုပဲ အမှန္်လို့ ထင်အောင် ဖွင့်ပြခံထားရတာကိုး။

အညာဆိုတဲ့အတိုင်း
ညာ ညာ နေကြတာကို
အညာသားတိုင်း မသိနိုင်ကြပါဘူး။
သိခွင့်လည်း မပေးကြပါဖူး။

#အညာသား ဦးဝိ

Post a Comment

Previous Post Next Post