လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများအား ဆန်၊ဆီ၊ဆားနှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်


================
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆားနှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ သဇင်ဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြပါတယ်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီးနောက် ဆန်၊ ဆီ၊ ဆားနှင့် ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက လက်ခံရယူကြပါတယ်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post