ဒုံရင်းက ဒုံရင်းပါပဲ




MNDAA က လောက်ကိုင်ကို သိမ်းသည်
TNLA က နောင်ချို ၊ ကျောက်မဲ နဲ့ မိုးကုတ်ကို သိမ်းတော့မည်။

AA က ရခိုင်ပြည်နယ်က မြို့ ၉ မြို့ကို သိမ်းထားပြီ
KIA ကလည်း ဝိုင်းမော်ကို သိမ်းတော့မည်။

NUG PDF တို့က မြန်မာပြည်ရှိ မြို့အများစုကို ထိန်းချုပ်
ထားသည်ဟု ဆိုသော်လည်း

တရုတ်ကြီးက အတူယှဥ်တွဲနေထိုင်ရေး မူကြီး ၅ ချက်
ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပရာတွင်
မြို့တစ်မြို့ကိုမှ သိမ်းပိုက်နိုင်ခြင်းမရှိသော

မည်သည့်လုပ်ပိုင်ခွင့် အာဏာမျှမရှိသော သမ္မတ ( ငြိမ်း)
ဦးသိန်းစိန်ကို ဘာကြောင့် ရွေးဖိတ်ပါသလဲ?

NUG သမ္မတကြီးကို ဘာကြောင့် မဖိတ်ပါသလဲ?

ဂွမ်မော်ကို ဘာကြောင့် မဖိတ်ပါသလဲ?

ထွန်းမြတ်နိုင်ကို ဘာကြောင့် မဖိတ်ပါသလဲ?

ဦးဝင်းမြင့် နဲ့ ဦးထင်ကျော်ကို ဘာကြောင့် မဖိတ်ပါသလဲ?

မဖိတ်ရသည့် အခြေခံ အကြောင်းအရင်းမှာ အဆိုပါ
အဖွဲ့များ၏ တရားဝင်မှု
နိုင်ငံတကာက အသိအမှတ်ပြုမှုနှင့် ပတ်သက်မည်ဟု
သုံးသပ်ပါသည်။

မညှာတန်းပြောရလျှင် အဆိုပါခေါင်းဆောင်များ၏
အဆင့်အတန်းသည် နိုင်ငံတကာ အဆင့်မရှိဟု တရုတ်က
သတ်မှတ်ထားကြောင်း သုံးသပ်နိုင်ပါသည်။

ပြောချင်သည်မှာ

ယခု
သမ္မတ ( ငြိမ်း)  ဦးသိန်းစိန် နှင့် တရုတ်သမ္မတရှီကျင်းပင်
တို့ အတူယှဥ်တွဲ၍ ရိုက်ထားသည့် ဓာတ်ပုံကသည်ပင်

တရုတ်တို့က KIA ၊ မျောက်သုံးကောင်နှင့် NUGPDF တို့
အပေါ်ထားသည့် အနာဂါတ် မြန်မာ့နိုင်ငံရေးကို ဖော်
ညွှန်းနေသည်ဟု သုံးသပ်မိပါသည် ။

(ဆီမီးအိမ်)
29-6-2024

Post a Comment

Previous Post Next Post