တပ်မတော်ဖြုတ်ချရေး ခေါင်းစဥ်တပ်ပြီး တိုင်းပြည်ဖျက်နေသူများ

ခင်ဗျားတို့က တပ်မတော်အစိုးရလုပ်တာမှန်သမျှကို ဆန့်ကျင်ချင်တာနဲ့ပဲ ၂၀၂၁ မေလမှာ အခြေခံ ကျောင်းတွေကို မီးလိုက်ရှို့တယ်။ ခင်ဗျားတို့ မီးရှို့ခဲ့ကြတဲ့ အခြေခံကျောင်းတွေဆိုတာ အစိုးရပိုင် မဟုတ်ဘူး။ ပြည်သူတစ်ယောက်စီတိုင်းက ပိုင်ဆိုင်ခွင့်ရှိတဲ့ နိုင်ငံတော်ပိုင် အဆောက်အဦးတွေနော်။ အဲ့ကျောင်းတွေကို ခင်ဗျားတို့ အနီအစိုးရ ဆောက်ခဲ့တာလဲ မဟုတ်ဘူး။ ပြည်သူတွေ စုပေါင်းလှုဒါန်းငွေတွေနဲ့ ဆောက်ခဲ့တာရှိတယ်။ နိုင်ငံတော်က ဆောက်ခဲ့ကြတာတွေ ရှိတယ်။ ပြည်သူတွေရဲ့ လှုဒါန်းငွေ လုပ်အားတွေနဲ့ ထိန်းသိမ်းထားကြရတဲ့ ကျောင်းတွေရှိတယ်။ ကျောင်းဆောက်ဖို့ ပြည်သူတွေရဲ့ လုပ်အားတွေ ငွေတွေရင်းနှီးထည့်ဝင်ခဲ့ကြရတယ်။ ခင်ဗျားတို့ မီးရှို့လိုက်တော့ မိနစ်ပိုင်းအတွင်း ကျောင်းက ပြာငွေ့အဖြစ် ပျောက်ကွယ်သွားကြရတယ်။

ခင်ဗျားတို့က ကျောင်းတွေကို မီးမရှို့ရရင် စစ်ရေး အခြေစိုက်စခန်း အဖြစ်သုံးပြုတယ်။ အခြေခံကျောင်း ပြည်သူပိုင်၊ ဆေးရုံ အဆောက်အဦးတွေကို စစ်ရေးအတွက် မသုံးရဘူးဆိုတာ ခင်ဗျားတို့ နားမလည်ဘူး။ ကျောင်းမတက် ပညာမတက်ကြတဲ့ လူတန်းစားတွေဆိုတော့ စစ်ရာဇဝတ်မှုဆိုတာကိုလဲ နားမလည်ကြဘူး။ နားလည်အောင်လဲ ပညာမသင်ချင်ကြဘူး၊။ ကျောင်းမတက်ချင်ကြဘူး။ ခိူးဆိုးလုနှိုက်မှာပဲ ကျင်လည်ချင်ကြတော့တယ်။ 


ကျောင်းမီးရှို့တဲ့ ကိစ္စ၊ ကျောင်းတက်တဲ့ ကလေးတွေကို ဝိုင်းဆဲကြတဲ့ ကိစ္စ၊ ကလေးတွေကို ပညာရေး လမ်းမှားပို့တဲ့ ကိစ္စ၊ ကျောင်းတွေမှာ ခင်ဗျားတို့ pdf တွေ ဝင်နေပြီး စစ်ရေး ဇောင်းထတဲ့ ကိစ္စတွေကို သမိုင်းတရားခံဖြစ်မယ့် ကိစ္စတွေဖြစ်တယ်လို့ ခင်ဗျားတို့ ဘက်တော်သား ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာနေကြပြီ။ နိုင်ငံတကာအဖွဲ့အစည်းတွေကလဲ right to education for child လို့ အော်နေကြပြီ။ ခင်ဗျာတို့သာ brain wash လုပ်ခံထားရလို့ မသိကြတာနော်။

လူလိမ်တွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ k4u ၊ foeim တို့လို အွန်လိုင်းကသင်တဲ့ လူလိမ်ကျောင်းတွေကိုပဲ မွေးထုတ်ပေးနိုင်လို့ ပြည်သူတွေအားလုံးကလဲ အခြေခံကျောင်းတွေမှာ သူတို့ရဲ့ တန်ဖိုးရှိလှတဲ့ ရင်သွေးလေးတွေကို ကျောင်းပြန်ထားနေကြပြီ။ 

ခင်ဗျားတို့က ထပ်ဆင့် သမိုင်းတရားခံဖြစ်ချင်လို့ အခြေခံကျောင်းတွေကို ဗုံးခွဲခဲ့ကြတယ်။ ခင်ဗျားတို့က စစ်တက်ကခွဲတာဆိုပြီး ဗြောင်လိမ်ပြီး ဇာတ်လမ်းဆင်ကြတယ်။ ဒီတခါ ခင်ဗျားတို့ကို မျက်မြင် မှတ်တမ်းတင်နေသူတွေက အနီပြည်သူတွေကိုယ်တိုင်ပဲ ။ 

ဒီစာကို ရပ်ကွက်ထဲကကျောင်းမှာ ကလေးတွေအတွက် လုံခြုံရေး ယူပေးနေကြတဲ့ အနီထောက်ခံ ကျောင်းသား မိဘများနဲ့ စကားပြောရင်း အကြံရလို့ ရေးဖြစ်ခဲ့တာပါ။

ကျောင်းလုံခြုံရေး ယူပေးနေတဲ့ ရဲရဲထောက် အနီထောက်ခံသူ ကျောင်းသားမိဘတစ်ဦးက
အမေစုကို ချစ်တယ် nld ကို မဲပေးခဲ့ပေမယ့် ကျောင်းဗုံးလာခွဲတဲ့သူကိုတော့ ဝင်လုံးပြီး အသေခံ ဆော်မှာ တဲ့။ 

မိဘတစ်ယောက်ရဲ့ သားသမီးရင်သွေးအပေါ် ကြောက်စရာကောင်းလွန်းတဲ့ sacrificial protection ကြီးမို့ လက်လွန်သွားရင် တာဝန်ရှိသူတွေက ခွင့်လွှတ်ပေးလိုက်ကြဖို့ ကြိုတင် တောင်းပန်ထားပါရစေနော်။

Post a Comment

Previous Post Next Post