မသာအိမ်တွေ့တာနဲ့ ဖဲထုတ်ယူပြီး အကျိုးစီးပွားရှာတဲ့ အကွက်တွေနော်

အလောင်းမြင်ရင် လုပ်စားဖို့ အကွက်ဖော်တာ အနီတွေရဲ့စွကျင့်ပဲ။ မျိုးရိုးအစဥ်အဆက်ပဲ။ ကုလသမဂ္ဂ အတွင်းအရေးမှူးချုပ် ဦးသန့် သေဆုံးတော့ မြန်မာပြည်မှာ  မြှပ်နှံဖို့ မှာကြားခဲ့တယ်။ ရိုးရိုးလေးပဲ။ နိုင်ငံတော် အစိုးရက ထိုက်သင့်တဲ့နေရာပေးတယ်။ ဂူသွင်းမယ့်နေ့မှာ ဦးသန့် အလောင်းကို လုပြီး လုပ်စားတော့တယ်။


လုပ်စားသူတွေကြောင့် ဦးသန့်က ဗိုလ်ချုပ်အောင်ဆန်းတို့လို နိုင်ငံတော်အတွက် အသက်ပေးသွားခဲ့ မဟုတ်ပဲနဲ့ နေ့ချင်းညချင်း သူရဲကောင်းကြီးဖြစ်သွားပြီး အာဇာနည်တွေလိုပဲ သင်္ဂြိုဟ်ရ မလိုတွေဖြစ်ကုန်တယ်။ အရေးအခင်းတွေထဖြစ်တယ်။

အလောင်းကြီးပြပြီး လုပ်စားတာမှာ အနီတွေကို သမိုင်းကြောင်းအရ ယှဥ်ပြိုင်လို့ မရဘူး။ အနီတွေက ဝမ်းနည်းပူဆွေးနေကြတဲ့ မိသားစုကိုလဲ မငဲ့ကွက်ကြဘူး။ အလောင်းကိုအရင်းတည်ပြီး နိုင်ငံရေး အကျိုးအမြတ်ထုတ်ယူဖို့ပဲ ကြိုးစားကြတယ်။ ဦးဝင်းတင် သေတော့လဲ ခေါကြီးတို့ အုပ်စု အမြတ်ထုတ်ဖို့ ကြိုးစားခဲ့ကြသေးတယ်။ ဒေါ်စုသေရင်လဲ လုပ်ကြဦးမှာပဲ။

အနီတွေဆိုတာက လူပုဂ္ဂိုလ်ကို လေးစားတာထက် နိုင်ငံရေး အကျိုးအမြတ်ထုတ်ဖို့ ကြိုးစားကြတယ်။  သေတဲ့လူကို အရင်းတည်ပြီး နိုင်ငံရေးလုပ်စားဖို့ဆိုရင် နှစ်ပတ်လည်နေ့တွေ သတိရဝမ်းနည်းတာတွေ ပေါ်လာပါလိမ့်မယ်။ သေသွားတဲ့ ပုဂ္ဂိုလ်ကြီးကို လေးစားလို့လုပ်တာပါပြောပြီး ကျန်ရစ်သူ မိသားစုကိုတော့  မထောက်ပံံ့ကြဘူး။ ရူးချင်ယောင်ဆောင်နေကြတာကလဲ အနီတွေပဲ။

မသာအိမ်တွေ့တာနဲ့ ဖဲထုတ်ယူပြီး အကျိုးစီးပွားရှာတဲ့ အကွက်တွေနော်။  အနီတွေရဲ့ စွကျင့်တွေ စွကျင့်တွေနော်။

ဦးဝင်းဝင် အသုဘမှာ ဦးတင်ဦး ကြားညှပ်ခဲ့ပုံကို voa သတင်းထောက်  ကိုသန်းလွင်က ၂၀၁၆ ခုနှစ်မှာ မှတ်တမ်းတင်ခဲ့တာပါ။ သေတဲ့သူကို တည်ချက်လုပ်ပြီး လုပ်စားဖို့ ဂွင်ဖန်တတ်တဲ့ ခေါကြီးတို့အုပ်စု အကြောင်းကို သိခဲ့ရပါတယ်။ အခုလဲ pdf တွေသေရင် ဓာတ်ပုံရိုက် အလောင်းပြ မျက်ရည်ချူ အလှုခံတတ်တဲ့ nug အုပ်စုရဲ့ အကျင့်စရိုက်နဲ့  အတူတူပဲနော်။
အသုဘ အိမ်တွေ့ရင် ဖဲဝိုင်းထောင်ပြီး အကောက် ကောက်တဲ့ လူယုတ်မာလူတန်းစားတွေနော်။

Post a Comment

Previous Post Next Post