အငှားဗိုက်နဲ့ဓားထိုးခံနေရသူများ

ရခိုင်အကြမ်းဖက် AA နဲ့ ပေါင်းနေတဲ့ နီပိန်း PDF တွေ အခုနောက်ပိုင်း ထွက်ပြေးမှု များပြားလာလို့ ထွက်ပြေးတဲ့ PDF တွေကို AA အဖွဲ့က လိုက်လံသတ်ဖြတ်နေတယ်လို့ ထွက်ပြေးလွတ်မြောက်သွားတဲ့တစ်ယောက် မနေ့က Chat Box မှာ လာပြောသွားတယ်။
စစ်ရေးအတွေ့အကြုံနဲ့ အထောက်အပံ့ရအောင်ဆိုပြီး AA ဆီမှာ ကျွန်ခံ၊ ခိုင်းတာလုပ် နေတဲ့ နီပိန်း PDF တွေ ဘာကြောင့်ထွက်ပြေးလဲဆိုရင် အမ်း၊ ကဇူးကိုင်းနဲ့ သံတွဲက တိုက်ပွဲတွေမှာ AA က သူ့လူတွေကို အနာမခံခိုင်းဘဲ PDF တွေကို ရှေ့ကတက် တိုက်ခိုင်းလို့ တိုက်ပွဲဖြစ်တိုင်း PDF အယောက် ၃၀ ကနေ ၅၀ ကြား သေကုန်တယ်။ PDF ခေါင်းဆောင်က AA စစ်ဒေသမှူး လင်းသစ်ကို အဲဒီကိစ္စပြောပေးမယ့် အရာမထင် ဘဲ PDF တွေ နေ့စဉ်တဖြုတ်ဖြုတ်သေနေလို့ ထွက်ပြေးကြတာလို့ဆိုတယ်။ အဲဒီမှာ AA ကလည်း သူတို့လျှို့ဝှက်ချက် မပေါက်အောင်ဆိုပြီး ထွက်ပြေးတဲ့ PDF တွေကို လိုက်လံ သတ်ဖြတ်ခိုင်းထားတယ်တဲ့။

နောက်ပြီး ကြားရတဲ့သတင်းတစ်ခုက သံတွဲ၊ ဆင်ခေါင်းနဲ့ ဆင်ကြပ်မှာ တိုက်ဖို့ လူစုနေတဲ့အချိန် တပ်က သတင်းရလို့ ကြိုတင်ဗုံးကြဲလိုက်တဲ့ကိစ္စမှာဆိုရင်လည်း နီပိန်း PDF တွေထဲက သတင်းပေးလို့ ဗုံးကြဲခံရတာဆိုပြီး AA နဲ့ PDF အကြမ်းဖက် အဖွဲ့အချင်းချင်း သူ့ကို ငါမယုံ၊ ငါ့ကို သူမယုံဖြစ်နေကြတယ်တဲ့။ 

သံတွဲမှာ သေသွားတဲ့ AA တစ်ယောက်ရဲ့ ဖုန်းထဲကရတဲ့စာမှာဆိုရင် PDF တွေကို သူတို့(AA)လိုချင်တဲ့အချိန်တစ်ခုရောက်ရင် လက်တွဲဖြုတ်ဖို့နဲ့ လက်ရှိထွက်ပြေးသွားတဲ့ PDF တွေဆီကနေ သတင်းပေါက်ကြားနိုင်လို့ ဖမ်းမိရင် အပြတ်ရှင်းဖို့ ညွှန်ကြားထား တာတွေ့တယ်။ ဆိုရရင် ရခိုင်ရောက် PDF တွေဟာ ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေပြီး AA အတွက် အငှားဗိုက်နဲ့ ဓားထိုးခံနေရလို့ So Sad ပါဗျာ….။

#MinChitOo

Post a Comment

Previous Post Next Post