နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်


=================================
နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများက ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ်ကြောင်း၊ အလားတူပင် ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံအဖျက်သမားအကြမ်းဖက်များပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များကို အဆိုပါဒေသတွင်နေထိုင်ကြသည့် ဒေသခံအကြမ်းဖက်များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အခြားဒေသတွင်နေထိုင်သူများက လာရောက်လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ မိမိဒေသကိုဖျက်ဆီးနေသူများဖြစ်ကြောင်း၊ ဉပမာပေးရမည်ဆိုပါက “အရိပ်နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများဖြစ်ကြောင်း၊  ၎င်းကဲ့သို့ အကြမ်းဖက်အဖျက်သမားများကိုလူထုအားဖြင့် ကာကွယ်ထိန်းသိမ်းရန်လိုကြောင်း။

Post a Comment

Previous Post Next Post