ရောက်ခဲ့သောရွာ___________



" ကျနော်တိုရွာကို ဆရာတိုတပ်မတော်ဖက်ကလည်း လာကြတယ် pdf တွေလည်းလာကြတယ်

ဘာကွာလည်းဆိုတော့ တပ်ကလာရင် သူတိုမသင်္ကာတဲ့ အိမ်တွေကို တန်းဝင်တယ် ဖုန်းတွေစစ်တယ် အိမ်ထဲရှာတယ် မြေကြီးတွေပါ တူးဖော်ပြီးရှာကြတယ် သူတိုစိတ်ကြိုက်စစ်ပြီးရင် အကြမ်းဖက်သမားတွေနဲ့ မဆက်သွယ်ဖို လက်မခံဖိုနဲ့ တစ်ခုခုထူးရင်ချက်ချင်းအကြောင်းကြားပေးဖို ပြောပြီး ပြန်သွားကြတယ် တစ်ခုခုမိရင်တော့ အိမ်ထောင်ဦးစီးကိုဖမ်းခေါ်သွားတယ်
 

pdf တွေလာရင်တော့ ရွာထိပ်ကညောင်ပင်ကြီးအောက်မှာ ရွာကလူတွေကိုအကုန်ခေါ်ပြီး စကားပြောတယ် တော်လှန်ရေးအတွက် ရိက္ခာဖိုးတောင်းတယ် တပ်မတော်စစ်ကြောင်းလာစဥ်က ရေတိုက်တဲ့အိမ် ထမင်းကျွေးတဲ့အိမ်တွေကို သူတိုကသိနေတယ် ရွာထဲမှာလည်း သူတိုအမျိုးတွေရှိနေတာကိုး အဲဒီအိမ်တွေကို သတိပေးတယ် နောက်ဒီလိုမျိုးတွေ မလုပ်ဖို ဒဏ်ကြေးဆိုပြီး တစ်အိမ် ၁၀ သိန်းတောင်းတယ် နောက်တစ်ခါ စစ်သားတွေကို ရေတိုက်ရင်သတ်ပစ်မယ် လိုလည်းခြိမ်းခြောက်သွားတယ် ကျနော်တိုကတော့ အားလုံးကိုကြောက်တယ်လေ တကယ်လို ဆရာတိုစစ်သားတွေ ကျနော်တိုရွာမှာ အမြဲတမ်းစခန်းချနေရင်တော့ ဘယ်ကြောက်မလဲ ဆရာတိုစစ်သားတွေရောက်နေပြီဆိုတဲ့ အသံကြားရင်ကို သူတို ၁၀ ရက်လောက်ကတော့ ရွာကိုမလာရဲကြဘူး

ရွာထဲမှာလည်း ဟိုဖက် ဒီဖက်လူတွေရှိတယ်လေ တချိုက pdf ကိုထောက်ခံတယ် ဘယ်သူတွေဆိုတာ သိပေမယ့် ဆရာတိုကို မပြောရဲဘူး ဆရာတိုပြန်ရင် ကျနော်တို အသတ်ခံရမှာလေ

ဟိုတောင်ဖက်က .(.....)ရွာဆို တစ်ရွာလုံး ပြာကျသွားတယ် စစ်သားကရှို့တာလည်းမဟုတ်ဘူး pdf တွေကရှို့တာလည်းမဟုတ်ဘူး ရွာထဲက NLD နဲ့ ကြံ့ခိုင်ရေးတွေ အားပြိုင်ကြရင်း သူအိမ်ကိုယ်ရှို့ ကိုယ့်အိမ်သူရှို့နဲ့ တစ်ရွာလုံးပြာကျသွားခဲ့ရတာပဲ ဆရာရေ

ကျနော်တိုရွာလေးကတော့ ကံကောင်းတယ်ပဲ ပြောရမလားတော့မသိဘူး ရွာသားတွေက အချင်းချင်းနားလည်မှုရှိကြတယ် တော်ရုံတော့ ပြဿနာမကြီးပါဘူး ဒါပေမယ့် ဆရာတိုလာလို ရှိတာလေး ဧည့်ခံကျွေးမွေးချင်ပေမယ့် မကျွေးရဲဘူး သူတိုသိသွားရင် သေမှာ သူတိုမှာက ဥပဒေစည်းမျဥ်းစည်းကမ်းတွေရှိတာ မဟုတ်ဘူးလေ

အခုဆရာတိုလိုလည်း စုံစမ်းစစ်ဆေးတာတွေဘာတွေလည်း မလုပ်ဘူး
ဒီလူက စစ်သားတွေကို ထမင်းကျွေးပြီး သတင်းတွေပေးနေတဲ့ဒလန် ဆိုပြီး ရွာထဲကတစ်ယောက်ယောက်က တိုလိုက်ရင် ပထမအကြိမ်တော့ ဒဏ်ရိုက်ခံရမယ် နောက်တစ်ခါဆို အသတ်ခံရမှာ ဟုတ်တာမဟုတ်တာ သူတိုကစဥ်းစားတွေးတောနေတာ မဟုတ်ဘူးဆရာရေ

တစ်ခုခုထူးရင်းဖုန်းဆက်လိုသာ ဆရာတိုကမှာခဲ့တာပဲ ကျနော်တိုက ဆရာတိုဆီဖုန်းမဆက်ရဲပါဘူး အခုလိုအကြာကြီး စကားပြောနေတာတောင် ရွာထဲကလူတွေက ဘယ်လိုထင်နေကြမလဲ မသိဘူး

ကျနော့်ကို တစ်ခုတော့ကူညီပေးပါဆရာ ဆရာတိုကျနော့်အိမ်ထဲကထွက်ရင် အိမ်ရှေ့ထိကျနော့်ကို ဆွဲခေါ်သွားပြီး ၂ချက် ၃ချက်လောက်ရိုက်ခဲ့ပေးပါဗျာ ရွာသားတွေ ကျနော့်ကိုဒလန်ဆိုပြီး အတိုင်ခံရမှာစိုးလိုပါ

ဒါတွေက ရွာတွေဖက်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပါ ကျေးရွာနေ ရွာသူရွာသားတွေရဲ့ ခံစားချက်တွေ နာကျည်းချက်တွေအတွက် ကျနော်တစ်ခုခုတော့ လုပ်ပေးချင်တယ် 😔

မြတ်သူဟိန်း🇲🇲
6-6-2024

Post a Comment

Previous Post Next Post