အိန္ဒိယက အကြမ်းဖက်မှုကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး အမြစ်ဖြတ်သုတ်သင်မည်ဟု ပြောကြား


==============================
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဘုရားဖူးခရီးသည်များကို တင်ဆောင်လာတဲ့ ဘတ်စကားတစ်စီး အကြမ်းဖက်တိုက်ခိုက်ခံရစဉ် လူကိုးဦး သေဆုံးမှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာလို့ အိန္ဒိယက အကြမ်းဖက်မှုလုပ်ရပ်တွေကို အမြစ်ပြတ်အောင် တိုက်ဖျက်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အိန္ဒိယရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း အလားတူ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်မှုများကို စောင့်ကြည့်နေပြီး အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ကိစ္စရပ်များကို အိမ်နီးချင်းနိုင်ငံများနဲ့သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နယ်မြေစိုးမိုးရေးစီမံချက်၊ အကြမ်းဖက်မှုချေမှုန်းရေးစီမံချက်တို့ကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သူတို့နိုင်ငံနယ်စပ်မှာ အကြမ်းဖက်သမားများအား ခိုလုံလှုပ်ရှားခွင့်မပြုကြောင်း၊ မူးယစ်ဆေးဝါးနဲ့လက်နက်မှောင်ခိုဂိုဏ်းတွေကိုလည်း နှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ယခုကဲ့သို့ ပြောခြင်းဖြစ်တယ်လို့သိရပါတယ်။

Post a Comment

Previous Post Next Post