ကိုယ့်အကျိုးစီးပွားအတွက် အချင်းချင်းကိုက်ကုန်ကြပြီ

KIA နဲ့ TNLA က ရှမ်းမြောက်ဒေသ၊ မန်တုံမြို့နယ်၊ မိုင်းမော်နဲ့ အွယ်လောကျေးရွာကြား မဂွေဘော်ဘွမ် ရှိ ဘော်သတ္တုတွင်းကို အပြိုင်လုနေကြရင်း ကိုက်ကြတဲ့ဖြစ်ရပ်မှာ KIA ကထပ်ပြီးနှောင့်ယှက်နေဦးမယ်ဆိုရင် တိုက်တော့မယ်လို့ TNLA ကရာဇသံပေးလိုက်ပြီ...KIA ကလည်း သူတို့ပိုင်တဲ့သတ္တုတွင်းဖြစ်လို့ သူတို့နဲ့သာဆိုင်တယ်ဆိုပြီး လုံးဝအလျှော့မပေးဘူး...TNLA ကလည်း သူတို့ပိုင်တဲ့ဟာ KIA နဲ့လုံးဝမသက်ဆိုင်ဘူးဆိုပြီး အပြတ်မောင်းထုတ်တယ်...အခု TNLA ကသူတို့သဘောထားကို အတိအလင်းထုတ်ပြောလာပြီဖြစ်လို့ KIA စီးပွားအပျက်ခံပြီး နောက်ဆုတ်ပေးလိုက်မှာလား...နောက်ဆုတ်ပေးလိုက်ရင်တော့ စီးပွားလဲထိခိုက်တဲ့အပြင် သိက္ခာလည်းအဖတ်ဆယ်မရအောင် ထိုးကျသွားမှာဖြစ်လို့ TNLA ကို KIA အနေနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်သင့်တယ်နော်...

Post a Comment

Previous Post Next Post