တရုတ်မီးစိမ်းပြရတဲ့_အကြောင်းပြချက်လေလား...

ဇွန်လ ၂၅ မှာ...ရှမ်းမြောက်ဒေသ...
နောင်ချို ကျောက်မဲ သီပေါ..တရက်တည်း..
.တိုက်ပွဲတွေပြန်ဖြစ်လာရခြင်းဟာ...တရုတ်ရဲ့....
အာရှရေးရာကိုယ်စားလှယ်နဲ့...သက်ဆိုင်နေမယ်ဆိုတာ...
ကလင်ဒါကျမှန်း...မှန်းဆလို့ရတယ်ဆိုပေမယ့်...
#ဇဝေဝေါဖြစ်နေရဆဲ....အခြေအနေတခုပါ....။

သို့သော်... မြန်မာနိုင်ငံဆိုင်ရာ...
နိုင်ငံေရးချဥ်းကပ်မှုပုံစံတွေကို...အမေရိကန်အစိုးရကပါ...
#ပုံစံပြောင်းလာလဲတဲ့အခါ....အင်အားကြီးနှစ်နိုင်ငံအနေနဲ့....
Geopolitics ကို....ထိမိတဲ့ Proxy နဲ့ခြေရှုပ်လာကြပါတယ်....။

တရုတ်အလိုကျအဖွဲ့တွေ...
ရှမ်းမြောက်နဲ့ မြန်မာပြည်မြောက်ပိုင်းကို...ကန့်လန့်ဖြတ်ပြီး...
တရုတ်အကျိုးစီးပွားအတွက်...ကာကွယ်ဖို့လုပ်နေတဲ့...
နယ်မြေစိုးမိုးမှုများလာလေလေ....
Check point တွေကို.. ထိန်းချုပ်မှုလုပ်လာလေလေ...
#အနောက်အုပ်စုရဲ့အာရှပစိဖိတ်ဲဒေသ_Tempo_မြင့်တက်လာလေပါပဲ...။
အမေရိကန်ဟာ...
တရုတ်ရဲ့စစ်ရေး နိုင်ငံရေး စီးပွားရေးကဏ္ဍတွေကို....
အဖက်ဖက်ကဝိုင်းဝန်းပိတ်ဆု့ိဖို့အတွက်....အာရှပစိဖိတ်ဒေသမှာ..
#ထိုင်ဝမ်အရေးကိုဦးတည်ပြီး..တောင်ပင်လယ်လယ်နဲ့..
အာရှပစိဖိတ်ဒေသအတွက်...Proxy ထားပြီး....ကစားနေပေမယ့်....
အနောက်ဖက်ပင်လယ်ထွက်ပေါက်ရှိတဲ့... #မြန်မာနိုင်ငံကိုလဲ...
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက.....ပထဝီနိုင်ငံရေးအရ...
အရေးပါမှုကိုသိပြီး....#သတိထားစောင့်ကြည့်ခြေရှုပ်နေခဲ့တာပါ...။

တရုတ်ရဲ့...BRICS အပါအဝင်... CMEC စတဲ့ ...
စီးပွားရေးနဲ့နိုင်ငံရေး...နွှယ်နေတဲ့ဒေသတွင်းအင်အားတည်ဆောက်မှုဟာ...
#အမေရိကန်ရဲ့အာရှပစိဖိတ်ဒေသ_အင်အားချိန်ခွင်လျှာကို...
သိသိသာသာချိန်ထိုးပြီး....သိသိသာသာလျော့ကျစေပါတယ်...။
ဒါကြောင့်...အမြဲတမ်းသတိမပြတ်ရှိနေတတ်တဲ့...
အမေရိကန်အတွက်....ရတက်မအေးစရာတခုပါ....။

နိုင်ငံရေးမှာ...
#အမြဲတမ်းမိတ်ဆွေ_အမြဲတမ်းရန်သူမရှိပဲ...
ကိုယ်ကျိုးစီးပွားပေါ်သာ...
မူတည်ပြီးပြောင်းလဲတတ်တာမို့လို့..တရုတ်အစိုးရရဲ့...
မြန်မာပြည်မြေပုံပိုင်းဖြတ်ချယ်လှယ်ရေးဟာ...တရုတ်ရဲ့
ဒေသတွင်း...နိုင်ငံရေးဘောင်ချဲ့မှုရဲ့အစိတ်အပိုင်းတခုမို့...
အမေရိကန်ရဲ့ဒေသတွင်း...စူပါပါဝါနဲ့ဩဇာလွမ်းမိုးမှုကို...
အဟန့်အတားဖြစ်စေပါတယ်...။

#အတည်မပြုနိုင်တဲ့....သတင်းတွေအရ....
တရုတ်ရဲ့အာရှရေးရာကိုယ်စားလှယ်....တိန့်ရှီးကျွင်း...
နေပြည်တော်ကိုလာရောက်တွေ့ဆုံချိန်နဲ့အချိန်ကိုက်..
ဗီယက်နမ်နိုင်ငံမှာ...အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ...
ဒုနိုင်ငံခြားရေးဝန်ကြီး...#ဒန်နီရယ်နဲ့...ကက(ရေ)
အဆင့်မြင့်စျေးအရာရှိကြီးတွေနဲ့...တွေ့ဆုံခဲ့တယ်ဆိုတာတွေ့ရတော့...
နိုင်ငံရေးအရွေ့တခုကို...#အားပြိုင်နေတာပိိုသိသာလာပါတယ်...။

နစကနဲ့..ကရင်မလင်တို့...
အရင်ကထက်ပိုမိုနီးကပ်တဲ့...ဆက်ဆံရေးဖော်ဆောင်နေချိန်မှာလဲ...
တရုတ်ဟာ....ရှမ်းမြောက်ကလက်နက်ကိုင်တွေကို....Proxy ထားပြီး...
နစက အစိုးရကို....သတိမလွတ်စေဖို့အတွက်....
အခါတော်ပေးလုပ်ခဲ့ဖူးတဲ့....#ဖြစ်ရပ်တွေကပူပူနွေးနွေးရှိဆဲပါ....။

အခုလဲ...
မည်သည့်အကြောင်းပြချက်နဲ့ဖြစ်စေ..
ဝေးကွာနေတဲ့....နှစ်နိုင်ငံဆက်ဆံရေးကနေ....
စစ်ဖက်အဆင့်မြင့်အရာရှိကြီးတွေ....တွေ့ဆုံကြတဲ့သတင်းဟာ...
#တရုတ်အတွက်_တဖန်ရတက်မအေးစရာဖြစ်ခဲ့ဟန်တူပါတယ်....။

ဂျိူးဘိုင်ဒင်အစိုးရအတည်ပြုပေးခဲ့တဲ့....
#BurmaAct ကြောင့်....အမေရိကန်ဟာလိုတာထက်....
ပိုမိုစွက်ဖက်မယ်ပြီး....တခြားနည်းနဲ့ချဥ်းကပ်မယ်လို့ထင်ရတဲ့ကြားကနေ...
K3C ကို....အသံလွှင့်ခဲ့သလို....ဂျပန်နိုင်ငံမှာ...ကရင်နီနဲ့ကရင်လက်နက်ကိုင်...
ခေါင်းဆောင်တွေကိုခေါ်ယူတွေ့ဆုံခဲ့တာကလဲ....မကြာသေးခင်ကပါပဲ...။

Burma Act ...K3C ကြေညာချက်နောက်...
ဂျပန်မှာတွေ့ဆုံမှုအပြီး....ကရင်နီနဲ့ကရင်ဒေသမှာ...
နိုင်ငံရေးအရဖော်ဆောင်နေတဲ့... စစ်ရေးကဏ္ဍတချို့...
#အရှိန်လျော့နည်းသွားတာကို_သတိထားမိကြမှာပါ....။

ကရင်ဒေသရိုက်ခတ်မှာကြောင့်....ထိုင်းအစိုးရအဖွဲ့တွင်း...
ပြောင်းလဲမှူတွေဖြစ်ခဲ့ရသေးတဲ့အတွက်....မြန်မာနိုင်ငံအရေးဟာ....
အင်အားကြီးနိုင်ငံတွေရဲ့....စူပါပါဝါတည်ဆောက်မှုမှာ....
စစ်ရေး နိုင်ငံရေး....#လမ်းကြောင်းနှစ်ခုနဲ့ချဥ်းကပ်ခံနေရတာဟာ..
ပိုမိုပေါ်လွင်သိသာလာတယ်လို့....ဆိုနိုင်ပါတယ်....။

#အမေရိကန်ဖက်က..မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး....
ရပ်တည်ချက်နဲ့ချဥ်းကပ်ပုံလမ်းကြောင်း...
မပြောင်းလဲဘူးဆိုသည့်တိုင်....မျက်စ်ရှေ့မှာတင်....
တရုတ်အလိုကျအဖွဲ့တွေထံရောက်သွားတဲ့....
အရေးပါအရာရောက်တဲ့နယ်မြေတွေဟာ.....တစတစ...
များလာနေတာကို...သတိထားမိကြမှာ...သေချာပါတယ်....။

ဆိုတော့ကာ....မြန်မာနိုင်ငံအပေါ်မှာ....
အကျိုးရှိရှိအသုံးချဖို့....နိုင်ငံကြီးတွေကအပတ်တကုတ်...
ကြိုးစားနေတာဖြစ်ပါတယ်

Post a Comment

Previous Post Next Post