ရဟန်းသံဃာထုကိုလမ်းပေါ်တက်စေချင်တဲ့ လူတစ်စုရဲ့လုပ်ရပ်ဟာ တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပဲ



နံပါတ် ၁ အနေနဲ့ပြောရရင် ပြည်ပေးအုပ်စုတွေအနေနဲ့ဘာသာရေးအပေါ်ဘယ်လောက်အလေးထားသလိုဆိုတာပြန်တွေးကြည့်ပါ။နိုင်ငံရေးနဲ့ပတ်သတ်ပြီးဆန္ဒတွေပြချိန်မှာ မဆီမဆိုင် ဆရာတော်ဘုရားကြီးတွေရဲ့ ပုံတော်တွေကိုမထီမဲ့မြင်ပြုဆန္ဒပြခဲ့တယ်။ ဂတုံးတွေ ဆိုပြီး သူတို့ရဲ့ဆန္ဒပြမှုမှာရဟန်းသံဃာတော်တွေမပါလာတာကစပြီး ဖေ့စ်ဘုတ်ပေါ်မှာ ရုတ်ရင်းကြမ်းတမ်းစွာဆဲဆိုခဲ့ကြတယ်။ဒေါ်စုကိုယ်တိုင် အရှင်ဘုရားက တပည့်တော်မရဲ့ဆရာတော်ပါလို့ပြောခဲ့တဲ့ သီတဂူဆရာတော်ကြီးကိုယနေ့ထက်တိုင်စော်ကားပြောဆိုနေကြဆဲဖြစ်ပါတယ်။ဒါတွေဟာ ပြည်ပြေးအုပ်စုရဲ့ ဘာသာရေးအပေါ်သဘောထားပဲ

နံပါတ် ၂အနေနဲ့ ပြည်ပြေးအုပ်စုကမွေးထုတ်လိုက်တဲ့ အကြမ်းဖက်အဖွဲ့တွေသတ်ဖြတ်တာကြောင့် ပျံလွန်တော်မူခဲ့တဲ့ဆရာတော်တွေ ရာဂဏန်းဖြစ်နေပြီ။ဒီဖြစ်ရပ်တွေအပေါ် ပြည်ပြေးအုပ်စုအနေနဲ့ တာဝန်မခံသလို နှုတ်ဆိတ်နေကြတယ်။ဘုန်းတော်ကြီးမားတော်မမူသောဆရာတော်ကြီးအနေနဲ့ အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့ ရဟန်းတော်တွေအတွက် ရင်ထဲမှာ မခံချင်စိတ်တွေရှိနေမှာပဲ။သို့သော် ထုတ်ပြောရင် စွပ်စွဲချက်အမျိုးမျိုးခံရမှာစိုးရိမ်သလို အမှောင်ထဲကခဲတွေကိုလည်း စိုးရိမ်ရတာကြောင့်မပြောကြပါဘူး။

နံပါတ် ၃ ထစ်ခနဲ့ရှိရင် ပြည်သူကိုလမ်းပေါ်ဆွဲတင်တတ်တဲ့ မင်းကိုနိုင် ခုချိန်မှာ လည်းရဟန်းသံဃာထုကိုလမ်းပေါ်တက်ဖို့အခါတော်ပေးနေပြန်ပြီ။အသိဉာဏ်ပညာကြီးမြတ်တော်မူသော သံဃာတော်အရှင်သူမြတ်များဘုရား ရိုသေလေးမြတ်စွာလျှောက်ထားလိုပါတယ်။ပြည်ပြေးတွေဟာ လွတ်ရာပြေးပြီး နိုင်ငံကိုနည်းအမျိုးမျိုးနဲ့ဖျက်ဆီးဖို့ကြံစည်နေတဲ့အချိန်မှာ ဆရာတော်တို့ ဟာနိုင်ငံရဲ့ မဟာတံတိုင်းကြီး သာသနာရဲ့မဟာတံတိုင်းကြီးတွေ အနေနဲ့ တပည်တော်တို့ နိုင်ငံသူနိုင်ငံသားတွေကို စောင့်ရှောက်ပေးဖို့ ခြေဆုံဦးခိုက်လျှောက်ထားအပ်ပါတယ် အရှင်သူမြတ်များဘုရား

#ကာနယ်ချစ်ကောင်း

Post a Comment

Previous Post Next Post