ပြည်တန်ဆာတောင် သူ့လောက်ဖာမကျဘူး


၂၀၁၇ ရခိုင်-မွတ်ဆလင်အရေးခင်းတုန်းက ရခိုင်ရွာတစ်ရွာကနေ ရခိုင်တွေကို မွတ်ဆလင်တွေ အနိုင်ကျင့်လို့ပါဆိုပြီး သူတို့ AA အဖွဲ့ကကောင်တွေ လိမ်ခေါ်တယ်, ရွာရောက်တဲ့အချိန် ကြားဖြတ်တိုက်ခိုက်ပြီး အွန်လိုင်းပေါ်မှာ အောင်ပွဲခံခဲ့တယ်

စစ်ရေးနဲ့မသက်ဆိုင်တဲ့ တပ်/ရဲ မိသားစုဝင်တွေ၊ တပ်/ရဲ ကနေထွက်ထားတဲ့သူတွေ၊ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တယ်၊ အနီးစပ်ဆုံးပြောရရင် ကျောက်တော်ကနေ ကမ်းထိုးရေယာဉ်နဲ့ဆုတ်ခွာလာတဲ့ တပ်/ရဲ မိသားစုဝင်တွေ၊ အစိုးရဝန်ထမ်းတွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ်များအပါအဝင် မိသားစုဝင်များ များစွာသေဆုံးခဲ့ရ၊ ဖမ်းဆီးခံခဲ့ရတယ်

AA ကိုမထောက်ခံတဲ့ ရခိုင်နဲ့ချင်းတွေ၊ မွတ်ဆလင်တွေကို စစ်တပ်သတင်းပေး ထောက်လှမ်းရေးလို့ ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလုပ်ခဲ့တယ်၊ နောက်ဆုံး မုဒိန်းကျင့်သတ်ဖြတ် အလောင်းဖျောက်တာတွေထိ လုပ်ခဲ့တယ်၊ အွန်လိုင်းပေါ်ပါလာပြီဆိုရင် စစ်တပ်ကလုပ်သလိုလို ရဲကလုပ်သလိုလိုနဲ့ ဆိုက်ဝါးထည့်ကြတယ်၊ ရသေ့တောင်က ကျောင်းဆရာမလေးကို AA ဆက်ကြေးကောက်တာဝန်ခံက မုဒိန်းကျင့်လည်လှီးသတ်ခဲ့တဲ့ အမှုဆိုဘယ်ရောက်လို့ ဘယ်ပေါက်မှန်းကို မသိတော့ဘူး

ယခုအချိန်မှာဆိုပိုဆိုး ဘူးသီးတောင်/မောင်တောက မွတ်ဆလင်တွေကို AA က သူတို့ဆီ မဝင်လို့/ မထောက်ခံလို့ဆိုပြီး တပ်ယူနီဖောင်း/ရဲယူနီဖောင်းဝတ်လျက်  အောက်တန်းကျစွာ ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာတွေ လုပ်နေတယ်၊ သူတို့လုပ်ပြီး စစ်တပ်နဲ့ရဲကို လွဲချနေတယ်

ကျောင်းသားလူငယ်တွေကို ကျောင်းမတက်ခိုင်းပဲ သူတို့လူအင်အားပြည့်မှီရေးအတွက် အသက် ၁၄/၁၅ နှစ်အရွယ်ကလေးငယ်တွေကို စစ်သင်တန်းအတင်းပို့ ရှေ့ကခံပြီး တိုက်ခိုင်းနေတယ်

ဒီအကြောင်းအရာက ရခိုင်မှာနေတဲ့သူတွေအသိဆုံး...

ဒါတွေက AA ရဲ့ “စစ်ကိုစစ်နဲ့တူအောင်တိုက်နေတာလား” ပြန်မေးချင်မိတယ်
https://t.me/minchitoo989989/35375

Post a Comment

Previous Post Next Post